နယ်စပ်ရေးရာဝန်ကြီးဌာနကလင်းခေးခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိ

   နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အနေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို တစ်နိုင်ငံလုံး အကြားအလပ်မရှိ စဉ်ဆက်မပြတ် အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးမြို့နယ် နောင်လုံကျေးရွာအုပ်စု နောင်လုံကျေးရွာအဝင် မြေသားလမ်း နှစ်မိုင်နှစ်ဖာလုံအနက် တစ်မိုင် ကျောက်ခင်းခြင်း လုပ်ငန်း ဆောင်ရွက်လျက် ရှိသည်။
   အဆိုပါ လုပ်ငန်းဆောင်ရွက်ပြီးစီးပါက လင်းခေးခရိုင်အတွင်းရှိ ကျေးရွာ ၁၀ ရွာမှ လူဦးရေ ၃၁၅၆ ဦးတို့၏ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် လူမှုစီးပွား ဘဝများဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအထောက်အကူပြုမည်ဖြစ်ကြောင်း သိရသည်။
 

Post Paragraph