ဖရူဆို့မြို့နယ်အတွင်း နယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်မှု တင်ပြခြင်း

ဖရူဆို နိုဝင်ဘာ   21 ရက်

                နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနသည် နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအကျဆုံး ဖြစ်သည့် လမ်းပန်းဆက်သွယ်ရေး ကဏ္ဍကို အဓိကထားဆောင်ရွက်ပေးလျက်ရှိရာ  ဒေသတစ်ခုနှင့်တစ်ခု ဆက်သွယ်သွားလာနေသော လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေရန်အတွက် လမ်းဖောက်လုပ်ပေးခြင်း၊ တံတားဆောက်လုပ်ပေး ခြင်းလုပ်ငန်းများဖြစ်သည့်   ကယားပြည်နယ်  ဖရူဆိုမြို့နယ်  အနောက်ဘက်ခြမ်း ဟိုယာကျေးရွာအုပ်စု ဒိုမိုခိုကျေးရွာနှင့်ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်ဘီသူ(အထက်) ကျေးရွာနှင့်  ဆက်သွယ်သည့် ပြည်နယ်ချင်းဆက်လမ်းကို  ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသ ဖွံ့ဖြိုးရေး (ပြည်ထောင်စု) ရန်ပုံငွေကျပ် ၂၀၃ ဒဿမ ၂၆၇ သန်းဖြင့် ၅ မိုင် ၄ ဖာလုံ မြေလမ်းချဲ့ခြင်း၊   စတက်ဘားခံခြင်း၊ ရေနှုတ်မြောင်း ပြန်လည်တူးဖော်ခြင်းလုပ်ငန်းနှင့် အဆိုပါလမ်းပေါ်တွင်လိုအပ်သော (၄x၄x၂၆)ပေ   Box Culvert(၁၁)စင်း တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နိုင်ရေး တာဝန်ရှိသူများမှ    ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း  သိရှိရပါသည်။

                အဆိုပါ ပြည်နယ်ချင်းဆက်လမ်းသည် ၂၀၁၅-၂၀၁၆ဘဏ္ဍာရေးနှစ်   နယ်စပ်ဒေသဖွံ့ဖြိုးရေး (ပြည်နယ်)ရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သည့် မြေလမ်းဖြစ်ပြီး မိုးရွာသွန်းမှုများသော ဒေသဖြစ်၍     မြေပြို လမ်းပိတ်မှုဖြစ်ကာ တစ်ရွာနှင့်တစ်ရွာ ဆက်သွယ်သွားလာ၍မရတော့ကြောင်း သိရှိရပါသည်။ အဆိုပါလမ်း ဆောင်ရွက်ပြီးစီးပါက ကယားပြည်နယ်အတွင်း   ဖရူဆိုမြို့နယ်၊   ဒီမောဆိုမြို့နယ်နှင့်      ရှမ်းပြည်နယ် တောင်ပိုင်း ဖယ်ခုံမြို့နယ်ရှိ ကျေးရွာနေပြည်သူများ တစ်ရွာနှစ်တစ်ရွာ အလွယ်တကူ   သွားလာနိုင်မည့်အပြင် ကုန်ထုတ်လမ်းသဖွယ် အသုံးပြုနိုင်မည်ဖြစ်ပါကြောင်း၊ ၎င်းအပြင် အနီးတစ်ဝိုက် တွင် ဌာနေ ကယားတိုင်းရင်းသားလူမျိုးစုတစ်ခုဖြစ်သည့် ကယောလူမျိုးများ ပြည်နယ်ကျော်ပြန့်နှံ့ နေထိုင်လျက်ရှိနေခြင်းမှာ လမ်းလုပ်ငန်း ဆောင်ရွက်ပြီးပါက လူမျိုးစုများ၊ ဆွေမျိုးများ အလွယ်တကူ ကူးလူးဆက်သွယ်သွားလာနိုင်မည် ဖြစ်သည့်အပြင်    ကျေးရွာနေ ပြည်သူများ၏   လူမှုစီးပွား ဘဝ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်းနှင့် ဒေသထွက်ကုန်များလည်း လွယ်ကူလျင်မြန်စွာကူးသန်း ရောင်းဝယ် နိုင်တော့မည်ဖြစ်ကြောင်း သိရှိရပါသည်။

Post Paragraph