ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း တောင်ပေါ်ဒေသ ကျေးရွာချင်းဆက်လမ်းများဖောက်လုပ်

၂၀၂၁ ခုနှစ် ဇန်နဝါရီ ၂၃

      နယ်စပ်ရေးရာဝန်ကြီးဌာနမှ နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသအတွင်းရှိ နယ်စပ်ဒေသနေ တိုင်းရင်းသားပြည်သူများ သွားလာရေး လွယ်ကူအဆင်ပြေစေရေးအတွက် တောင်ပေါ်ဒေသကျေးရွာများအား ကျေးရွာချင်းဆက်လမ်းများ အကောင်အထည်ဖော် ဆောင်ရွက် ပေးလျက်ရှိပါသည်။

          အဆိုပါတောင်ပေါ်ဒေသကျေးရွာချင်းဆက်လမ်းများအနက် မန်တုံမြို့နယ် ဆိုင်းလိန် - ဝိန်းကျောင်း - ဟင်ဟောင်းလမ်းပိုင်း( ၁၃ / ၀ )မိုင်အနက် နယ်စပ်ဒေသဖွံ့ဖြိုးရေး ခွင့်ပြုရန်ပုံငွေကျပ် ( ၃၃၁ . ၃၇၀ )သန်းဖြင့် မြေသားလမ်း( ၈/ ၀ )မိုင်အား အပြီးဖောက်လုပ် ဆောင်ရွက်ပေးသွား မည်ဖြစ်ရာ တောင်ပေါ်ဒေသကျေးရွာ( ၈ )ရွာရှိ တိုင်းရင်းသားပြည်သူများ ဒေသတွင်းသွားလာရေးပိုမို အဆင်ပြေချောမွေ့လာမည်ဖြစ်ကြောင်း နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရှိရပါသည်။