
နေပြည်တော် စက်တင်ဘာလ ၁၃
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနနှင့် ဂျပန်နိုင်ငံ Japan Myanmar Association တို့အကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲ အခမ်း အနားအား ယနေ့နံနက် (၁၀:၁၅) နာရီတွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲအောင်မှ အမှာစကားပြောကြားပြီး Japan Myanmar Association မှ Secretary General Mr. Yusuke Watanabe မှ နားလည်မှုစာချွန်လွှာနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ ပါသည်။ ထို့နောက် ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းဌေးဦးနှင့် Japan Myanmar Association မှ Secretary General Mr. Yusuke Watanabe တို့မှ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြပြီး အပြန်အလှန်လဲလှယ်ကြပါသည်။
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနနှင့် Japan Myanmar Association တို့သည် ၂၀၁၉ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ (၃)နှစ်တာကာလအတွင်း ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနရှိ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်း ကျောင်းနှင့်အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းတို့မှ သင်တန်းသား/သင်တန်းသူများအား ဂျပန်ဘာသာစကာပြောသင်တန်း ဖွင့်လှစ်ပေးခြင်း စီမံကိန်းအား(၃)နှစ်တာ ကာလအတွင်း အမေရိကန်ဒေါ်လာ ၀.၃ သန်းဖြင့် သင်တန်းများဖွင့်လှစ်ပို့ချ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
