ကျောက်ဖြူ၊ စက်တင်ဘာ ၂၅ ရက်
ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပြည်ထောင်စုတိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်နှင့် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေး တက္ကသိုလ် ပညာရေးဘွဲ့ (B.Ed) ငါးနှစ်သင်တန်းအမှတ်စဉ် (၁၀)အတွက် သင်တန်းဝင်ခွင့်စာမေးပွဲကို အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း၌ စက်တင်ဘာ ၂၄ ရက် နံနက် ၁၀ နာရီတွင် ဖြေဆိုသည်။
အဆိုပါ သင်တန်းများဝင်ခွင့်ရ စာမေးပွဲတွင် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည် ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်၏ AGTI ဘာသာရပ်အတွက် စာရင်းရှိဖြေဆိုခွင့်ရသူ ၂၀ ဦး ဝင်ရောက်ဖြေဆိုသူ ၁၇ဦး၊ သိပ္ပံ ဘာသာရပ်အတွက် စာရင်းရှိ ၂၅ ဦး ဝင်ရောက်ဖြေဆိုသူ ၁၉ ဦး၊ ဝိဇ္ဇာဘာသာရပ်အတွက် စာရင်းရှိ ၁၉ ဦး ဝင်ရောက်ဖြေဆိုသူ ၁၄ ဦး ရှိပြီး ဝင်ရောက်ဖြေဆိုသူ စုစုပေါင်း ၅၀ ဦး ဖြေဆိုသည်။ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ် ပညာရေးဘွဲ့ (B.Ed) သင်တန်း ဝင်ခွင့်စာမေးပွဲ တွင် သိပ္ပံဘာသာရပ်အတွက် စာရင်းရှိ ၅၂ ဦး ဝင်ရောက်ဖြေဆိုသူ ၄၃ ဦး၊ ဝိဇ္ဇာဘာသာရပ်အတွက် စာရင်းရှိ ၅၇ ဦး ဝင်ရောက်ဖြေဆိုသူ ၄၆ ဦး၊ ဝင်ရောက်ဖြေဆိုသူ စုစုပေါင်း ၈၉ ဦးတို့က အင်္ဂလိပ်စာ ဘာသာရပ်နှင့် မြန်မာစာဘာသာရပ်များကို ဝင်ရောက်ဖြေဆိုကြသည်။
အဆိုပါသင်တန်းများအတွက် ကျောက်ဖြူ ခရိုင်အတွင်းရှိ မြို့နယ်လေးမြို့နယ်မှ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲတွင် ဖြေဆိုအောင်မြင်ပြီး သတ်မှတ်ထားသည့် ရမှတ်များရရှိသည့် ကျောင်းသား၊ ကျောင်းသူများက သင်တန်းဝင်ခွင့်ရေးဖြေ စာမေးပွဲဖြေဆိုကာ အောင်မြင်သူများအား ရခိုင်ပြည်နယ်တွင် လူတွေ့နှုတ်ဖြေများဖြင့် ထပ်မံဖြေဆိုရမည်ဖြစ်ကြောင်း ခရိုင်ပညာရေးမှူးရုံးမှ သိရ သည်။
© Copyright Ministry of Border Affairs 2019, All rights reserved.