ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(ရန်ကုန်) ဝိဇ္ဇာဘွဲ့၊ သိပ္ပံဘွဲ့၊ A.G.T.I ဒီပလိုမာသင်တန်းအမှတ်စဉ်(၂၀) သင်တန်းဆင်းပွဲနှင့် အလုပ်ခန့်အပ်လွှာပေးအပ်ပွဲအခမ်းအနားကျင်းပ

နိုဝင်ဘာလ ၂ ရက်
    ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်)၊ ဝိဇ္ဇာဘွဲ့၊ သိပ္ပံဘွဲ့၊ A.G.T.I ဒီပလိုမာသင်တန်းအမှတ်စဥ် (၂၀) သင်တန်းဆင်းပွဲနှင့် အလုပ်ခန့်အပ်လွှာ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါဒီဂရီကောလိပ်ဘွဲ့နှင်း သဘင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
    အခမ်းအနားသို့ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ နယ်စပ်ရေးရာဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ အထူးဖိတ်ကြားထား သော ဌာနဆိုင်ရာအကြီးအကဲများနှင့် ဧည့်သည်တော်များ၊ အလုပ်ခန့်အပ်လွှာပေးအပ်မည့် သက်ဆိုင် ရာဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ၊ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်)မှ ကျောင်းအုပ်ကြီး၊ ဒုတိယကျောင်းအုပ်ကြီး၊ ညွှန်ကြားရေးမှူးများ၊ ပါမောက္ခ/ဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ သင်တန်းဆင်း ကျောင်းသား၊ ကျောင်းသူများနှင့် ၎င်းတို့၏ မိသားစုဝင်များတက်ရောက်ခဲ့ကြပါသည်။
    ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ဂုဏ်ပြုအမှာ စကားပြောကြားရာတွင် နယ်စပ်ဒေသများရှိ တိုင်းရင်းသားလူငယ်များအား နိုင်ငံ့ဝန်ထမ်းကောင်း များအဖြစ်ခန့်အပ်ပြီး နယ်စပ်ဒေသများဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရန်အတွက် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီ ကောလိပ် (ရန်ကုန်၊ စစ်ကိုင်း) တို့ကိုတည်ထောင်ဖွင့်လှစ် လေ့ကျင့်သင်ကြားပေးလျက်ရှိပါ ကြောင်း၊ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်) ကို စတင်တည်ထောင်ဖွင့်လှစ်သည့်အချိန်မှ ယနေ့အထိ ဝိဇ္ဇာဘွဲ့ ၆၂၀ ဦး၊ သိပ္ပံဘွဲ့ ၁,၃၈၀ ဦးနှင့် အင်ဂျင်နီယာဒီပလိုမာ ၉၅၉ ဦး စုစုပေါင်း ၂,၉၅၉ ဦးတို့ကို ပြုစုပျိုးထောင် မွေးထုတ်ပေးနိုင်ခဲ့ပြီး ၎င်းတို့အနက်မှ သက်ဆိုင်ရာဝန်ကြီးဌာနများမှ အားပေးထောက်ပံ့လေ့ကျင့်သင်ကြားပေးမှု၊ ကျောင်းသား/ကျောင်းသူများ၏ စဥ်ဆက်မပြတ်ကြိုးစားအားထုတ်မှုများကြောင့် ယခုအခါတွင် မဟာဝိဇ္ဇာဘွဲ့ ၇၁ ဦး၊ မဟာသိပ္ပံဘွဲ့ ၁၄၆ ဦး၊ M.Res ၅၅ ဦး၊ ပါရဂူဘွဲ့ ၁၅ ဦး၊ B.E ဘွဲ့ ၃၀၁ ဦး၊ M.E ဘွဲ့ ၁၅ ဦး၊ B.Tech ၄၅၂ ဦး အသီးသီးအောင်မြင်မှုရရှိခဲ့သဖြင့် အားရကျေနပ်ဖွယ်ဖြစ်ပါကြောင်းနှင့် ကျောင်းဆင်းကျောင်းသားကျောင်းသူများအနေဖြင့် အားကျအတုယူ ကြိုးစားအားထုတ်သွားကြရန် အထူးမှာကြားလိုကြောင်း။
    နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က “ဒီဂရီကောလိပ်များမှ ကျောင်းဆင်း ကျောင်းသား၊ ကျောင်းသူများအား မိမိဒေသအုပ်ချုပ်ရေးနှင့် ဒေသဖွံ့ဖြိုးရေးအတွက် MSME လုပ်ငန်းများ တွင်ဦးဆောင်ပါဝင်ဆောင်ရွက်စေရန်” ဟုလမ်းညွှန်မှာကြားချက်အရ ဝိဇ္ဇာဘွဲ့၊ သိပ္ပံဘွဲ့ရကျောင်းသား ကျောင်းသူများအား ပြည်ထဲရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနများ တွင်လည်းကောင်း၊ A.G.T.I ဒီပလိုမာရ ကျောင်းသားကျောင်းသူများအား  နယ်စပ်ရေးရာဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ သိပ္ပံနှင့် နည်း ပညာဝန်ကြီးဌာနများတွင်လည်းကောင်း အချိုးကျခွဲဝေတာဝန်ပေးခန့်အပ်သွားမည်ဖြစ်ပါကြောင်း။
    သင်တန်းဆင်း မောင်တို့မယ်တို့အနေဖြင့် နိုင်ငံ့ဝန်ထမ်းများအဖြစ် တာဝန်ထမ်းဆောင် ရာတွင် ပင်ကိုယ်စရိုက်လက္ခဏာကောင်းမွန်ခြင်း၊ ကိုယ်ကျင့်တရားကောင်းမွန်ခြင်း၊ တန်းတူညီမျှမှုရှိ ခြင်း၊ စွမ်းဆောင်ရည်ပြည့်ဝခြင်း၊ ကျင့်ဝတ်စည်းကမ်းလိုက်နာခြင်းများ ပြည့်စုံရန် လိုအပ်မည်ဖြစ်ပါ ကြောင်း၊ ဒေသခံတိုင်းရင်းသားလူမျိုးများ၏ ရိုးရာယဥ်ကျေးမှုအမွေအနှစ်၊ စာပေနှင့်ဓ‌လေ့ထုံးစံ များကို လေးစားလိုက်နာပြီး မြတ်နိုးစွာထိန်းသိမ်းကြရန်နှင့် တိုင်းရင်းသားလူမျိုးများအား မျက်စိဖွင့်၊ နားဖွင့်ပေးနိုင်ဖို့တတ်စွမ်းသမျှ ကြိုးစားကြရမည်ဖြစ်ပါကြောင်း၊ မိမိတို့တတ်မြောက်ထားသည့် အသိပညာ၊ အတတ်ပညာများဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဒေသခံတိုင်းရင်းသား ပြည်သူများနှင့်အတူ ပူးပေါင်းဆောင်ရွက်သွားကြရန်၊ လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရာတွင် လက်တွေ့မြေပြင်မှာ တွေ့ကြုံရမည့်အခြေအနေများနှင့် ပေါင်းစပ်၊ နှိုင်းယှဥ်သုံးသပ်၍အမှားအနည်း ဆုံးဖြင့် ပြီး‌မြောက်အောင်မြင်‌အောင် အစွမ်းကုန်ကြိုးစားဆောင်ရွက်သွားကြရန်၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ၏ “ရှေ့သို့ချီမည် ပန်းတိုင်ဆီ (Keep Moving Forward to Achieve Our Goal)” ဆိုသည့်ဆောင်ပုဒ်အတိုင်း နိုင်ငံတော်ကို တည်ဆောက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားကြ ရန်နှင့် စစ်မှန်သောမျိုးချစ်စိတ်ဓာတ် ဖြစ်သည့် ပြည်ထောင်စုစိတ်ဓာတ်ကို မမေ့မလျော့နှလုံးသွင်း၍ နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးဆောင်လမ်းပြ နိုင်မည့် ခေါင်းဆောင်ကောင်းများ ၊ နိုင်ငံတော်က အားကိုအားထားပြုရသည့် သားကောင်း၊ သမီးမွန် များ ဖြစ်လာအောင် ကြိုးစားသွားကြရန် တိုက်တွန်းမှာကြားခဲ့ပါသည်။
    ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ဝိဇ္ဇာဘာသာရပ်နှင့် သိပ္ပံဘာသာရပ်ထူးချွန်ဆု ရရှိသူ ၂ ဦးအားလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်က A.G.T.I ဒီပလိုမာထူးချွန်ဆု ရရှိသူ ၁ ဦး အားလည်းကောင်း ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး သက်ဆိုင်ရာဝန်ကြီး ဌာနအသီးသီးမှ ကိုယ်စားလှယ်များက အလုပ်တာဝန်ခန့်အပ်လွှာများ ပေးအပ်ခဲ့ကြပါသည်။ ၎င်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် အခမ်းအနားသို့ တက်ရောက်လာကြသည့် ဧည့်သည်တော်များ၊ ဆရာ၊ ဆရာမများ၊ သင်တန်းဆင်း ကျောင်းသား၊ ကျောင်းသူများနှင့် ၎င်းတို့၏မိသားစုဝင်များကို ခင်မင်ရင်းနှီးစွာ နှုတ်ဆက်ခဲ့ကြပါသည်။
    ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က ထူးချွန် ကျောင်းသားများနှင့် ၎င်းတို့၏မိဘများအားတွေ့ဆုံ၍ ဂုဏ်ပြုအားပေးစကားပြောကြားခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ထူးချွန်ကျောင်းသား ၃ ဦးနှင့် ဒီဂရီကောလိပ်ဘက်စုံဖွံ့ဖြိုးရေး အတွက် ချီးမြှင့်ငွေများပေးအပ်ကာ သင်တန်းဆင်း ကျောင်းသား၊ ကျောင်းသူများနှင့်အတူ စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ပါသည်။
    နေ့လယ်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ဒီဂရီကောလိပ်ဝန်းအတွင်း မိုးလုံလေလုံ အားကစားခန်းမ ဆောက်လုပ်နေမှုအခြေအနေ၊ ၄ ထပ်အင်ဂျင်နီယာ စာသင်ဆောင်အသစ်တွင် ဘာသာရပ်အလိုက် သင်ထောက်ကူပစ္စည်းများ ထပ်မံဖြည့်တင်း ဆောင်ရွက်မည့်အခြေအနေ၊ ဘောလုံးကွင်းနှင့်ပွဲကြည့်စင်၊ ဖူဆယ်အားကစားကွင်း၊ စိမ်းလန်းစိုပြေသာယာလှပရေးဆောင်ရွက် ထားရှိမှုအခြေအနေများအား ကြည့်ရှုစစ်‌ဆေးခဲ့ပြီး ဆက်လက်ဆောင်ရွက်ရမည့်ကိစ္စရပ်များအား မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါသည်။
    ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် သင်တန်းဆင်း ကျောင်းသား၊ ကျောင်းသူများအား ဘွဲ့နှင်းသဘင်ခန်းမ၌ ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံပြီး ကျောင်းသား၊ ကျောင်းသူများ၏ ဖျော်ဖြေရေးအစီအစဉ်များကို ကြည့်ရှုအားပေး၍ ဂုဏ်ပြုပန်းခြင်းနှင့် ဂုဏ်ပြုဆုငွေများ ချီးမြှင့် ခဲ့ကြောင်း သတင်းရရှိပါသည်။

 

video-upload