ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(ရန်ကုန်) နှစ်ပတ်လည်နေ့အထိမ်းအမှတ်အခမ်းအနားကျင်းပ

ရန်ကုန် ဇွန် ၁၇
    နယ်စပ်ရေးရာ၀န်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ပြည်ထောင်စု တိုင်းရင်းသား လူငယ်များစွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်) ၏ (၂၃)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား အား ဇွန်လ ၁၅ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်ရှိ အဆိုပါကျောင်း ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။
    ရှေးဦးစွာ ကျောင်းဓမ္မာရုံ၌ သံဃာတော် ၉ ပါးကို နေ့ဆွမ်း ဆက်ကပ်လှူဒါန်းပြီး ဘွဲ့နှင်းသဘင်ခန်းမ၌ အခမ်းအနားကို ဆက်လက်ကျင်းပရာ ကျောင်းအုပ်ဆရာကြီး ဦးထိန်လင်းက အမှာစကားပြောကြားသည်။ ထို့နောက် ဒီဂရီကောလိပ်(ရန်ကုန်)တွင် တစ်နှစ်တာအတွင်း ဒီဂရီ ကောလိပ်(ရန်ကုန်)၊ ရန်ကုန်တက္ကသိုလ် နှင့် ဒဂုံတက္ကသိုလ်တို့တွင် စာတမ်းဖတ်ကြားခဲ့သူများ၊ စာတမ်း ပြုစုသူများကို ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဆုများချီးမြှင့်ပေးခြင်း၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၌ တက္ကသိုလ်/ ကောလိပ်နှင့် အခြေခံပညာကျောင်းများတွင် ပညာသင်ကြားနေသည့် ဝန်ထမ်းသားသမီးများကိုလည်း ပညာသင်စရိတ်ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
 

Post Paragraph