နေပြည်တော်၊ ဇန်နဝါရီ ၁၅
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် အား ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် မှုခင်းဆိုင်ရာရုံး ( UNODC) မှ Country Manager Mr. Troels Vester သည် ယနေ့ မွန်းလွဲ (၁) နာရီအချိန်တွင် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် နယ်စပ်ရေးရာဝန်ကြီးဌာနက မြန်မာနိုင်ငံအတွင်းရှိ ဖွံ့ဖြိုးမှု နောက်ကျကျန်ခဲ့သည့် နယ်စပ်ဒေသများအား ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ပေး နေမှုနှင့် နယ်စပ်ဒေသရှိ တိုင်းရင်းသားလူမျိုးများ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက် ရေးအတွက် ဆောင်ရွက်ပေးနေမှု အခြေအနေများ၊ နိုင်ငံတော်အစိုးရမှ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ လုပ်ငန်းစဉ်များ၊ နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲ စေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့မှ ချမှတ်ထားသော မူးယစ် ဆေးဝါးပပျောက်ရေး စီမံကိန်းများအား အကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေ များ၊ အစားထိုးဖွံ့ဖြိုးမှု အကောင်အထည်ဖော်ရေး စီမံခန့်ခွဲမှုအဖွဲ့မှ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့အတွင်း ရှိ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေး၊ လမ်းပန်းဆက်သွယ် ရေး၊ သန့်ရှင်းသော သောက်သုံးရေနှင့် စိုက်ပျိုးရေ ရရှိရေး၊ ကျေးရွာမီးလင်းရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် မွေးမြူရေးလုပ်ငန်းများ တိုးတက်လာစေရေးတို့အတွက် သက်ဆိုင်ရာ ဌာနများနှင့် ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေများ၊ နယ်စပ်ရေးရာဝန်ကြီးဌာန အနေဖြင့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် နှင့် ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် မှုခင်းဆိုင်ရာရုံးနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် မြန်မာနိုင်ငံဆိုင်ရာ အစီအစဉ်တွင် ပါဝင်သည့် လုပ်ငန်း နယ်ပယ် (၅) ရပ်အနက်မှ ရေရှည်တည်တံ့မည့် လူမှုဘဝမြှင့်တင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး နယ်ပယ်အား အဓိက ဦးဆောင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အခြေအနေ များ၊ စိတ်ကြွရူးသွပ်ဆေးပြားများ၊ ထိန်းချုပ်ဓါတုပစ္စည်းများ တားဆီးကာကွယ်ရေး လုပ်ငန်း
များအားဆက်လက် ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။