
နေပြည်တော် သြဂုတ် ၃၁
နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်သည် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သန်းထွန်းအောင် နှင့် တာဝန်ရှိသူများ လိုက်ပါလျှက် (၂၉-၈-၂၀၁၈) ရက်နေ့ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်း ဒေသကြီး ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး (မုံရွာ) သို့ ရောက်ရှိခဲ့ရာ ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူး၊ ညွှန်ကြားရေးမှူး ဦးအောင်ထင်ကျော်မှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများအား တင်ပြခဲ့မှုအပေါ် လိုအပ်သည်များပေါင်းစပ်ဖြည့်ဆည်းပေးခဲ့ပြီး ရုံးဝန်းအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အမျိုးသမီးအိမ်တွင်းမှု သက်မွေး လုပ်ငန်း ပညာသင်တန်းကျောင်းများရှိရာ (ယင်းမာပင်) (ပုလဲ) (ဆားလင်းကြီး) (မြိုင်) (ရေစကြို) များသို့ ရောက်ရှိခဲ့ရာ သက်ဆိုင်ရာကျောင်းအုပ်များမှ သင်တန်းဆိုင်ရာ အချက်အလက်များအား ရှင်းလင်း တင်ပြခဲ့ပြီး ပြည်ထောင်စုဝန်ကြီးမှ လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ပေးခဲ့သည်။ ထို့နောက် ဝန်ထမ်းများ၊ သင်တန်းနည်းပြများ၊ သင်တန်းသူများအား တွေ့ဆုံမှာကြားခဲ့ပြီး သင်တန်းသူများ ၏ လေ့ကျင့်သင်ကြားနေမှုများ၊ ချုပ်လုပ်ထားရှိသည့် အဝတ်အထည်များ၊ အသုံးအဆောင် ပစ္စည်းများ၊ အိပ်ဆောင်များ၊ စားရိပ်သာများနှင့် တည်ဆောက်ရေးလုပ်ငန်း များအား လှည့်လည် ကြည့်ရှု့စစ်ဆေးခဲ့သည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် (၃၀-၈-၂၀၁၈) ရက်နေ့နံနက်ပိုင်းတွင် အမျိုးသမီး အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းများရှိရာ (ပေါက်) (ဆိတ်ဖြူ) များသို့ သွားရောက်၍ သက်ဆိုင်ရာကျောင်းအုပ်များ၏ တင်ပြချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့သည်။
ပြည်ထောင်စုဝန်ကြီးသည် ဝန်ထမ်းများ၊ သင်တန်းနည်းပြများ၊ သင်တန်းသူများအား တွေ့ဆုံ၍ မိမိတို့ဝန်ကြီးဌာနအနေဖြင့် တိုင်းရင်းသားလူမျိုးများ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေး၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရေး အတွက် နိုင်ငံတော်မှ ရာနှုန်းပြည့် အထောက်အပံ့များဖြင့် ပြုစုပျိုးထောင် လေ့ကျင့်သင်ကြား ပေးလျက်ရှိပါကြောင်း၊ သင်တန်းသူများအနေဖြင့် အခြေခံ စက်ချုပ်သင်တန်း တတ်မြောက်ပြီးပါက အဆင့်မြင့်စက်ချုပ်သင်တန်းများကို ဆက်လက်တက်ရောက်၍ ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းတစ်ခု အဖြစ် ဆောင်ရွက်နိုင်သလို အထည်ချုပ် စက်ရုံများ၊ ကုမ္ပဏီများ တွင်လည်း ကျွမ်းကျင်ဝန်ထမ်း အဖြစ် ဝင်ရောက်လုပ်ကိုင်နိုင်သဖြင့် သင်တန်းမှ သင်ကြားတတ်မြောက်သော ပညာရပ်များဖြင့် မိမိဘ၀ ရပ်တည်ခိုင်မာစွာ လျှောက်လှမ်း နိုင်ရေးအတွက် ကြိုးစားလေ့လာ သင်ယူသွားကြရန်၊ ကျောင်းအုပ်နည်းပြများကလည်း အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာရပ်များအပြင် စည်းကမ်း စနစ်တကျ ရှိစေရေး၊ ကျန်းမာကြံ့ခိုင်ရေး၊ အဖွဲ့အစည်း စိတ်ဓါတ်ဖြင့် ပြုမှုနေထိုင် ဆောင်ရွက်တတ် စေရေးနှင့် အချိန်ကိုအကျိုးရှိစွာ စီမံခန့်ခွဲသုံးစွဲတတ်စေရေး ဘဝတိုးတက်ရေးအတွက် စဉ်ဆက် မပြတ် လေ့လာသင်ယူနေကြရန်၊ ဗဟုသုတအမြင်များ တိုးပွားစေရန် ကိုယ်ပိုင်ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
နေပြည်တော် စက်တင်ဘာ ၁၅
နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်သည် ဧရာဝတီ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာလှိုင် နှင့် တာဝန်ရှိသူများ လိုက်ပါလျက် ဧရာဝတီတိုင်းဒေသကြီးအတွင်း နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို (၁၃-၉-၂၀၁၈) ရက်နေ့မှ (၁၄-၉-၂၀၁၈) ရက်နေ့ထိ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။
ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည် နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်း (မအူပင်) သို့ ရောက်ရှိခဲ့ရာ ကျောင်းအုပ်က သင်တန်းကျောင်းဆိုင်ရာ အချက် အလက်များအား ရှင်းလင်းတင်ပြခဲ့ပြီး ပြည်ထောင်စုဝန်ကြီး က လိုအပ်သည်များ ပေါင်းစပ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် ကျောင်းအုပ်၊ ဝန်ထမ်းများ၊ နည်းပြများ၊ ကျောင်းသား/ ကျောင်းသူများနှင့် တွေ့ဆုံ၍ ကျောင်းသား/ကျောင်းသူများ အနေဖြင့် သင်တန်းကျောင်းတွင် တက်ရောက် သင်ကြားခွင့်ရရှိသည့် အခွင့်အရေးအား အပြည့်အဝ အကျိုးရှိစွာ အသုံးချ၍ သင်တန်းကျောင်း၏ ရည်ရွယ်ချက်များအတိုင်း မိမိဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် နောင်တစ်ချိန်တွင် မိမိဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများအပြင် နိုင်ငံတော်အကျိုးအတွက် တစ်ထောင့်တစ်နေရာမှ တာဝန်ယူ ဖော်ဆောင်နိုင်သော လူငယ်လူရွယ် လူရည်ချွန်များ ဖြစ်အောင် လုံ့လ ဝီရိယဖြင့် လေ့လာ သင်ယူ ကြိုးစားသွားကြရန်၊ နည်းပြများကလည်း ပညာတစ်ခုတည်းသာမက စည်းကမ်း စနစ်တကျ ရှိစေရေး၊ အဖွဲ့အစည်းစိတ်ဓါတ်ဖြင့် ပြုမူနေထိုင် ဆောင်ရွက်တတ်စေရေး၊ ကျန်းမာသန်စွမ်းသူများ ဖြစ်လာစေရေး၊ ဗဟုသုတ အမြင်များ တိုးတက်စေရန်အတွက် ကိုယ်ပိုင်အားလပ်ချိန်များတွင် စာအုပ်၊ စာပေများ ဖတ်ရှုလေ့လာခြင်း အလေ့အကျင့်ကောင်းများ ရရှိစေရေးအတွက် စေတနာထား လေ့ကျင့်သင်ကြားပေးကြရန် မှာကြားခဲ့ပြီး ကျောင်းဝင်းအတွင်းရှိ အိပ်ဆောင်များ၊ စားရိပ်သာနှင့် စားဖိုဆောင်များအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
ဆက်လက်၍ လပွတ္တာမြို့နယ်ရှိ နယ်စပ်ဒေသလူငယ်များ စက်မှုလက်မှုသင်တန်းကျောင်းသို့ ရောက်ရှိခဲ့ရာ ကျောင်းအုပ်က သင်တန်းဆိုင်ရာအချက်အလက်များအားတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီး က လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး က ကျောင်းအုပ်၊ နည်းပြများ၊ ဝန်ထမ်းများနှင့် သင်တန်းသားများအား တွေ့ဆုံ၍ မိမိတို့ ဝန်ကြီးဌာန အနေဖြင့် ဝေးလံခေါင်ဖျား အစွန်အဖျားဒေသရှိ လူငယ်လူရွယ်များ လူမှုဘဝရပ်တည်နိုင်ရေး၊ လူနေမှု အဆင့်အတန်းမြင့်မားလာစေရေးတို့အတွက် နယ်စပ်ဒေသ အသီးသီးတွင် စက်မှုလက်မှု သင်တန်းကျောင်းများ ဖွင့်လှစ်ပြီး လက်သမား၊ ပန်းရံ၊ သံချည်သံကွေးသင်တန်း၊ လျှပ်စစ်ဂဟေ သင်တန်း၊ မော်တော်ယာဉ်စက်ပြင်သင်တန်း၊ လက်ကိုင်တယ်လီဖုန်းပြုပြင်ခြင်း သင်တန်း၊ အိမ်တွင်းမှုသင်တန်းများ၊ ဟိုတယ်ဝန်ဆောင်မှုသင်တန်းများ စသည့် အသက်မွေးဝမ်းကျောင်း ပညာရပ်များကို နိုင်ငံတော်၏ ရာနှုန်းပြည့် အထောက်အပံ့များဖြင့် သင်ကြားပေးလျက်ရှိ ပါကြောင်း၊ သင်တန်းသားများ အနေဖြင့် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများအဖြစ် လုပ်ကိုင် ဆောင်ရွက်နိုင်သည်အထိ ကျွမ်းကျင်တတ်မြောက်အောင် ကြိုးစားလေ့ကျင့်သင်ယူ သွားကြရန်၊ သင်တန်းနည်းပြများမှလည်း သင်ကြားပေးလျက်ရှိသော ဘာသာရပ်များအား လက်တွေ့နယ်ပယ် တွင် အသုံးချနိုင်သည်အထိ အမှန်တကယ် တတ်မြောက် ကျွမ်းကျင်အောင် လေ့ကျင့်သင်ကြား ပေးရန် မှာကြားခဲ့ပြီး သင်တန်းသားများ၏ ဘာသာရပ်အလိုက် လက်တွေ့လေ့ကျင့်နေမှုများအား ကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့နောက် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေဖြင့် စတင်အကောင်အထည်ဖော် တည်ဆောက်မည့် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း (လပွတ္တာ) သို့ သွားရောက်၍ တည်ဆောက်မည့် မြေနေရာကို ကြည့်ရှုစစ်ဆေးခဲ့သည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် (၁၄-၉-၂၀၁၈) ရက်နေ့၌ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း (ဘိုကလေး) သို့ ရောက်ရှိခဲ့ပြီး ကျောင်းအုပ်က သင်တန်းကျောင်းဆိုင်ရာ အချက်အလက်များအား ရှင်းလင်းတင်ပြခဲ့ပြီး ပြည်ထောင်စုဝန်ကြီး က လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။ ဆက်လက်၍ ကျောင်းအုပ်၊ နည်းပြများ၊ ဝန်ထမ်းများ၊ ကျောင်းသား/ကျောင်းသူများနှင့် တွေ့ဆုံမှာကြားခဲ့ပြီး ထောက်ပံ့ငွေများပေးအပ်ကာ ကျောင်းဝင်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
ခရီးစဉ်အတွင်း ပြည်ထောင်စုဝန်ကြီးသည် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ်များမှ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့မိ/မြို့ဖများနှင့် တွေ့ဆုံ၍ ပင်လယ်ပြင်နှင့် ဆက်စပ်နေသော အစွန်အဖျားဒေသများဖြစ်သည့် လပွတ္တာခရိုင် (ဂုံညှင်းတန်းကျေးရွာအုပ်စု၊ မြွေဟောက်ကျွေးရွာအုပ်စု၊ ဆားချက်ကျေးရွာအုပ်စု၊ ရေတွင်းဆိပ်ကျေးရွာအုပ်စု) နှင့် ဖျာပုံခရိုင် (ကျွန်းသာယာကျေးရွာအုပ်စု၊ တပ်ပင်ဆိပ်ကျေးရွာအုပ်စု၊ ထော်ပိုင်ကျေးရွာအုပ်စု၊ ဘဝသစ် ကျေးရွာအုပ်စု) များသို့ ပညာရေးနှင့် ကျန်းမာရေးဆိုင်ရာ လုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် ထောက်ပံ့ငွေ စုစုပေါင်း ကျပ်သိန်း (၄၂၀) အား သက်ဆိုင်ရာ တာဝန်ရှိသူများထံ ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သတင်းရရှိသည်။
အချိန်များ တွင်လည်း စာအုပ်၊ စာပေဖတ်ရှု့လေ့လာခြင်း အလေ့အကျင့်ကောင်းများကိုပါ ရရှိသွားစေရေးတို့ အတွက် စေတနာထား လေ့ကျင့်သင်ကြား ပေးရန်မှာကြားခဲ့သည်။
ခရီးစဉ်အတွင်း ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း (ပခုက္ကူ) သို့သွားရောက်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများ နှင့် ဝန်ထမ်းများအား တွေ့ဆုံမှာကြားခဲ့ပြီး ထောက်ပံ့ငွေများပေးအပ်ကာ ကျောင်းဝန်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။