ရေဖြူမြို့နယ်၌ ကျေးရွာချင်းဆက် တံတားနှစ်စင်း တည်ဆောက်ပြီးစီး

    တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ဖားချောင်းကျေးရွာအုပ်စု၊ ဖားချောင်း-မြန်မာရှင်ထဘီကျေးရွာချင်းဆက်လမ်း ၆/၀မိုင်ပေါ်တွင် (ဒေသအခေါ်) သုံးမိုင်ချောင်းကူး ၆၀ပေ သံကူ ကွန်ကရစ်တံတား ၁ စင်းနှင့် ဒူးတောင်-ဆန်းချီ (အနောက်)-မြန်မာရှင်ထဘီကျေးရွာချင်းဆက်လမ်း ၆/၅မိုင်ပေါ်တွင် ၄၀ပေ သံကူကွန်ကရစ်တံတား ၁ စင်း တည်ဆောက်ခြင်းလုပ်ငန်းအား နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသဖွံ့ဖြိုးရေးပြည်ထောင်စု ရန်ပုံငွေကျပ် ၁၁၈ ဒသမ ၅၂၂ သန်းဖြင့် အကောင်အထည်ဖော်တည်ဆောက်ပေးခဲ့ရာ ယခုအခါ လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။ 
    အဆိုပါ ကျေးရွာချင်းဆက်လမ်းပေါ်တွင် အမှန်တကယ်လိုအပ်သည့် သံကူကွန်ကရစ် တံတား ၁ စင်း တည်ဆောက်ပေးခဲ့မှုကြောင့် ရေဖြူမြို့နယ်၊ ဖားချောင်းကျေးရွာအုပ်စုအတွင်းရှိ အိမ်ခြေ ၄၇၆ အိမ်၊ လူဦးရေ ၂၆၃၁ ဦးအတွက် များစွာအကျိုးပြုသည့် လမ်းပိုင်းဖြစ်ကြောင်း သိရသည်။
 

Post Paragraph