ရှမ်းပြည်နယ် (မြောက်ပိုင်း) ဘိန်းစိုက်ပျိုးမှု ပပျောက်ရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး စီမံကိန်း၏ စီမံကိန်းပူးတွဲညှိနှိုင်းရေးကော်မတီ အစည်းအဝေးကျင်းပ

နေပြည်တော်၊ နိုဝင်ဘာလ ၂၅ ရက်
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) တို့ ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ရှမ်းပြည်နယ် (မြောက်ပိုင်း) ဘိန်းစိုက်ပျိုးမှု ပပျောက်ရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးစီမံကိန်း၏ ပူးတွဲကာလဝက် အကဲဖြတ် အစီရင်ခံစာအတွက် စီမံကိန်းပူးတွဲညှိနှိုင်းရေးကော်မတီ အစည်းအဝေးအား ယနေ့နံနက် (၁၀) နာရီတွင် နေပြည်တော်၊ အမရာဟိုတယ် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
    အစည်းအဝေးတွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ရှမ်းပြည်နယ် (မြောက်ပိုင်း) ရှိ စီမံကိန်းဒေသများသို့ သွားရောက်၍ အကဲဖြတ်သွားရောက်ခဲ့ကြသည့် ပူးတွဲကာလဝက် အကဲဖြတ်မစ်ရှင်အဖွဲ့ဝင်များမှ အကဲဖြတ်ဆောင်ရွက်သည့် နည်းလမ်း၊ စီမံကိန်းလုပ်ငန်းများနှင့် ပတ်သက်၍ တွေ့ရှိချက်များ၊ စီမံကိန်း၏ ရလဒ်များ၊ သုံးသပ်အကြံပြု ချက်များ၊ ရှေ့ဆက်လက်ဆောင်ရွက်မည့် အစီအမံများ၊ စီမံကိန်းမူဘောင်ပုံစံ ပြောင်းလဲ ဆောင်ရွက်မှုများအား ရှင်းလင်းတင်ပြကြပါသည်။
    ပူးတွဲကာလဝက် အကဲဖြတ်မစ်ရှင်အဖွဲ့များ၏ တွေ့ရှိချက်များ၊ ရလဒ်များ၊ သုံးသပ်အကြံ ပြုချက်များ၊ ရှေ့ဆက်လက်ဆောင်ရွက်မည့် အစီအမံများနှင့် စီမံကိန်းမူဘောင်ပုံစံ ပြောင်းလဲဆောင်ရွက်မှုများအပေါ် အစည်းအဝေးတက်ရောက် လာကြသည့် ဌာနဆိုင်ရာ အသီးသီးမှ တာဝန်ရှိသူများနှင့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) စီမံကိန်းမှ ကျွမ်းကျင်ပညာရှင်များမှ ဝိုင်းဝန်းဆွေးနွေးခဲ့ကြပါသည်။
    ထို့နောက် နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်နှင့် ဂျပန်နိုင်ငံ JICA ရုံးချုပ်မှ Senior Advisor Mr. Masanobu KIYOKA တို့မှ ပူးတွဲကာလဝက် အကဲဖြတ်အစီရင်ခံစာဆိုင်ရာ Meeting Minutes အား လက်မှတ်ရေးထိုးခဲ့ကြပါသည်။

 

Post Paragraph