သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပ စစ်ကိုင်း ဇွန် ၆

နယ်စပ်ရေးရာဝန်ကြီးဌာန၊   ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊     ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်၊ စစ်ကိုင်းတွင် သဘာဝဘေးအန္တရာယ် များဖြစ်ပေါ်လာပါက တားဆီး၊ ကာကွယ်၊ ကယ်ဆယ်နိုင်ရန် ရည်ရွယ်၍ အသိပညာပေးဟောပြော ဆွေးနွေးခြင်းနှင့် သရုပ်ပြလေ့ကျင့်ခြင်းကို ယနေ့နံနက် ၀၉:၀၀နာရီမှ ၁၁:၃၀နာရီအထိ စစ်ကိုင်း တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည်။
             အခမ်းအနားတွင် ကျောင်းအုပ်ကြီးက သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ကျင်းပရခြင်းနှင့် ပတ်သက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူးက မိုးရာသီကာလမှာ ဖြစ်ပေါ်လေ့ရှိသည့်   မုန်တိုင်းဘေး၊ ရေဘေးနှင့်ပတ်သက်၍ မဖြစ်ပေါ်မီ အခြေအနေတွင် ကြိုတင်ပြင်ဆင်မှုများ၊ မုန်တိုင်း အရောင်သတ်မှတ်ချက်များနှင့် ဖြစ်ပေါ်လာပါက အရေးပေါ်တုံ့ပြန် ကာကွယ်နိုင်မှုများကို အသေးစိပ် ဟောပြောဆွေးနွေးခဲ့သည်။ ဆက်လက်ပြီးသဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေး ပိုစတာများဖြင့် ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများအား ရှင်းလင်းပြသ၍  မုန်တိုင်းဘေး သဏ္ဍာန်တူ သရုပ်ပြ၊ ဇာတ်တိုက် လေ့ကျင့်ခြင်းတို့ ဆောင်ရွက်ခဲ့သည်။ 
        အခမ်းအနားကို ကျောင်းအုပ်ကြီး၊ ဒုတိယကျောင်းအုပ်ကြီး၊ ညွှန်ကြားရေးမှူးများ၊ ပါမောက္ခ ဌာနမှူးများ၊ဆရာ၊ ဆရာမများ၊ အရာထမ်း၊ အမှုထမ်း(၁၇၄)ဦးနှင့်ကျောင်းသား၊ ကျောင်းသူ (၉၄၁)ဦး စုစုပေါင်း (၁၁၁၅) ဦး တက်ရောက်ခဲ့ကြောင်းသတင်းရရှိသည်။
 

Post Paragraph