ထိုင်းနိုင်ငံဘုရင်မင်းမြတ် ဘူမိဘော အဒူလျာဒက်ဂျ်၏မွေးနေ့၊ ထိုင်းနိုင်ငံ၏အမျိုးသားနေ့နှင့် Thailand's Father's Day အထိမ်းအမှတ်ဧည့်ခံပွဲ အခမ်းအနားသို့ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင် အဖွဲ့ဝင် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမောင်မောင်အေး တက်ရောက်

ရန်ကုန် ဒီဇင်ဘာ ၅
ထိုင်းနိုင်ငံဘုရင်မင်းမြတ် ဘူမိဘော အဒူလျာဒက်ဂျ်၏မွေးနေ့၊ ထိုင်းနိုင်ငံ၏အမျိုးသားနေ့နှင့် Thailand's Father's Day အထိမ်းအမှတ်ဧည့်ခံပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး နေအိမ်၌ကျင်းပရာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်အဖွဲ့ဝင် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဗိုလ်ချုပ်ကြီးမောင်မောင်အေး တက်ရောက်သည်။
ဦးစွာ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E.Mr.Mongkol Visitstump နှင့်ဇနီး၊ တာဝန်ရှိသူများသည် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမောင်မောင်အေးနှင့် ဧည့်ခံပွဲအခမ်းအနားသို့ တက်ရောက်လာကြသူများကို ရင်းရင်းနှီးနှီး ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သီချင်းနှင့် ထိုင်းနိုင်ငံတော်သီချင်းတို့ဖြင့် အခမ်းအနားကိုဖွင့်လှစ်ပြီး မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီးက နှုတ်ခွန်းဆက်စကား ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် ဇနီး၊ သံအမတ်ကြီးနှင့်ဇနီးတို့သည် အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြပြီး ထိုင်းနိုင်ငံယဉ်ကျေးမှု အဖွဲ့၏ ကပြဖျော်ဖြေမှုများကို   ကြည့်ရှုအားပေးကြသည်။
ဆက်လက်၍ သံအမတ်ကြီးနှင့်ဇနီးတို့က တက်ရောက်လာကြသူများကို ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်ဇနီးတို့က ထိုင်းနိုင်ငံယဉ်ကျေးမှုအဖွဲ့မှ အနုပညာရှင်များအား  ဂုဏ်ပြုပန်းခြင်းပေးအပ်သည်။

အဆိုပါ ဧည့်ခံပွဲအခမ်းအနားသို့ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်အဖွဲ့ဝင်၊ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နှင့်ဇနီး၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝါဝါမောင်၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများ၊ စစ်သံမှူးများ၊ ကုလသမဂ္ဂဆိုင်ရာဌာနေကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသူများ  တက်ရောက်ကြကြောင်း သတင်းရရှိသည်။
 

Post Paragraph
video-upload