
နေပြည်တော်၊ မတ်လ ၉ ရက်
၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်အတွင်းရှိ ဆွမ်း/ကွမ်း ခက်ခဲသည့် ဘုန်းတော်ကြီးကျောင်းများတွင် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲ အမယ်လေးမျိုးကို ရဟန်း၊ သံဃာ၊ သာမဏေများအတွက် လှူဒါန်းလျက်ရှိသည်။
ထိုသို့ လှူဒါန်းလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ဘုတ်ပြင်းမြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဦးဘိုဘိုကျော်၊ လက်ထောက်ညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများက ကျွေးချောင်းကျေးရွာ၊ လင်းရောင် ခြည် ဓမ္မရိပ်သာကျောင်းတိုက်ရှိ သံဃာတော်များနှင့် စာသင်ရှင်သာမဏေများအတွက် ဆွမ်းဆန် တော် ငါးအိတ်၊ ဆီ ၁၀ ပိဿာ၊ ကုလားပဲ ၁၀ ပိဿာ၊ ဆား ၁၀ ပိဿာစသည့် လှူဒါန်းဖွယ်ရာ ပစ္စည်းများအား ကျောင်းထိုင်ဆရာတော်ကေလာသထံ လှူဒါန်းခဲ့ကြောင်းသတင်းရရှိပါသည်။

