
စစ်ကိုင်း ဩဂုတ် ၁၁
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(စစ်ကိုင်း)တွင် ၂၀၂၂ ခုနှစ် တတိယအကြိမ် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ဒီဂရီကောလိပ်(စစ်ကိုင်း) ကျောင်းဝင်းအတွင်း၌ ကျင်းပသည်။
စိမ်းလန်းစိုပြေသာယာလှပစေရန်၊ သဘာဝပတ်ဝန်းကျင် ရာသီဥတုပြောင်းလဲမှုဖြစ်စဉ် လျော့ကျ စေရေး သဘာဝဘေးအန္တရာယ် ကာကွယ်ပေးနိုင်ရေး အထောက်အပံ့ဖြစ်စေရန်နှင့် နိုင်ငံ့ဝင်ငွေ တိုးပွား စေနိုင်ရေးတို့အတွက် အကျိုးကျေးဇူးများ ဖြစ်ထွန်းနိုင်မည့် ရတနာတန်းဝင် ကျွန်းပင် ၉၀ ၊ ယင်းမာပင်၄၀ ၊ သရက်ပင် ၃၀ နှင့် မန်ဂျန်ရှားပင် ၄၀ စုစုပေါင်း ပျိုးပင် ၂၀၀ ကို စိုက်ပျိုးခဲ့သည်။
အဆိုပါသစ်ပင်စိုက်ပျိုးပွဲသို့ ကျောင်းအုပ်ကြီး၊ ဒုတိယကျောင်းအုပ်ကြီး၊ ညွှန်ကြားရေးမှူးများ၊ ဆရာ၊ ဆရာမများ၊ အရာထမ်း၊ အမှုထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြပြီး ဒီဂရီကောလိပ်(စစ်ကိုင်း)တွင် ယခုနှစ် မိုးရာသီကာလအတွင်း စုစုပေါင်းပျိုးပင် ၁၅၀၀ စိုက်ပျိုးပြီးစီးပြီ ဖြစ်ကြောင်း သတင်းရရှိသည်။

