
ဇန်နဝါရီလ ၆ ရက်
၂၀၂၃ ခုနှစ်၊ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုစစ်ရေးပြအခမ်းအနားတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် နယ်စပ်ရေးရာဝန်ကြီးဌာနမှ စစ်ရေးပြတပ်ခွဲ၊ ဂုဏ်ပြုယာဉ်၊ အထိမ်းအမှတ်ပြခန်းနှင့် အားကစားပြိုင်ပွဲများတွင် တက်ကြွစွာ ပါဝင်တာဝန်ထမ်းဆောင်ခဲ့ကြသည့် ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုသည့်အနေဖြင့် ညစာစားပွအခမ်းအနား ကို ယနေ့ ညနေပိုင်းတွင် နယ်စပ်ရေးရာဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဗိုလ်ချုပ် ခွန်သန့်ဇော်ထူး၊ ဗိုလ်ချုပ် ဖြိုးသန့်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဌာနအကြီးအကဲများနှင့် (၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အခမ်းအနားတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပါသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့သည် ကြုံတောင့်ကြုံခဲ နေ့ထူးနေ့မြတ် ဖြစ်ပြီး ဂုဏ်ပြုအခမ်းအနားတွင် ပါဝင်ဆောင်ရွက်နိုင်ခဲ့သည့် အတွက် ဘဝတစ်သက်တာတွင် ဂုဏ်ယူဖွယ်အဖြစ် ကျန်ရစ်နေမည်ဖြစ်ပါကြောင်း၊ ဂုဏ်ပြု အခမ်း အနားတွင် မိမိတို့ဝန်ကြီးဌာန ကိုယ်စားပြုစစ်ရေးပြတပ်ခွဲ၊ ဂုဏ်ပြုယာဉ်၊ အထိမ်းအမှတ် ပြခန်းနှင့် အားကစားပြိုင်ပွဲများတွင် ပါဝင်တာဝန်ထမ်းဆောင်ခဲ့ကြသည့် ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စည်းကမ်းရှိရှိ စနစ်တကျ ညီညီညွတ်ညွတ် တက်တက်ကြွကြွဖြင့် ဆောင်ရွက်နိုင်မှုကြောင့် မိမိတို့ ဝန်ကြီးဌာန၏ ပုံရိပ်ကိုများစွာ မြှင့်တင်ပေးနိုင်ခဲ့သဖြင့် အထူး ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ ဂုဏ်ပြုအခမ်းအနားတွင် အောင်မြင်အောင် ဆောင်ရွက်နိုင်ရေး အတွက်အဘက်ဘက်မှ ဝိုင်းဝန်းကူညီပံ့ပိုးပေးခဲ့သည့် အထောက်အကူပြုအဖွဲ့များမှ ဝန်ထမ်းများ ကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် အဖွဲ့အစည်းများဖြင့် ပူးပေါင်း ပါဝင်ဆောင်ရွက်ရာတွင်ရရှိသည့် အလေ့အကျင့်ကောင်းများ၊ အတွေ့အကြုံကောင်းများကို ရယူ ဆုပ်ကိုင်၍ နိုင်ငံတော်၏ ယန္တရားများ ပိုမိုကောင်းမွန်စွာ အရှိန်အဟုန်မြှင့်တင် လည်ပတ်နိုင်ရေး အတွက် အားသွန်ခွန်စိုက်ဆထက်ထမ်းပိုး ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က စစ်ရေးပြ တပ်ခွဲတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ဝန်ထမ်းများအားလည်းကောင်း၊ ဒုတိယဝန်ကြီးများဖြစ် ကြသည့် ဗိုလ်ချုပ် ခွန်သန့်ဇော်ထူး၊ ဗိုလ်ချုပ် ဖြိုးသန့် တို့က ဂုဏ်ပြုယာဉ်နှင့် အထိမ်းအမှတ် ပြခန်း တွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ဝန်ထမ်းများအားလည်းကောင်း ဂုဏ်ပြုချီးမြှင့် ငွေ များ အသီးသီး ပေးအပ်ခဲ့သည်။ ထို့နောက် ဂုဏ်ပြုဆုချီးမြှင့်ခံရသည့်ဝန်ထမ်းများကိုယ်စား ဝန်ထမ်းတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး ဂုဏ်ပြုယာဥ်တွင် ပါဝင်ကပြခဲ့ကြသည့် ဖွံ့ဖြိုးရေး တက္ကသိုလ်မှ ကျောင်းသား/ကျောင်းသူများက ပြိုင်ပွဲဝင်အကဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဂုဏ်ပြုညစာ စားပွဲသို့တက်ရောက်လာကြ သောဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများနှင့်အတူဂုဏ်ပြုညစာအား အတူတကွသုံးဆောင် ခဲ့ကြကြောင်း သတင်းရရှိပါသည်။


