September 2016

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်၏ ဖိတ်ကြားချက်အရ ဗီယက်နမ် ဆိုရှယ်လစ်သမ္မတနိုင်ငံ လူမျိုးစုရေးရာကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီး ဦးဆောင်သော ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ ရောက်ရှိလေ့လာ

နေပြည်တော်၊ စက်တင်ဘာလ ၆ ရက်
     နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်၏ ဖိတ်ကြားချက်အရ ဗီယက်နမ် ဆိုရှယ်လစ်သမ္မတနိုင်ငံ လူမျိုးစုရေးရာကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီး H.E. Mr. Dinh Que Hai ဦးဆောင်သော ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော် လေဆိပ်သို့ ရောက်ရှိလာရာ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်နှင့် တာဝန်ရှိသူများ ကြိုဆိုခဲ့ပါသည်။

standard

ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ရဲအောင်အား ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံ တိုင်းရင်းသား ရေးရာကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီး H.E. Mr. Dinh Que Hai ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့လာရောက်တွေ့ဆုံ

နေပြည်တော် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်
     နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်အား ဗီယက်နမ် ဆိုရှယ်လစ်သမ္မတနိုင်ငံ တိုင်းရင်းသား ရေးရာကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီး H.E. Mr. Dinh Que Hai ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက် (၁၀)နာရီအချိန်တွင် ပြည်ထောင်စု၀န်ကြီး၏ ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။

standard