အမြဲတမ်းအတွင်းဝန် ဦးရဲနိုင် အိန္ဒိယသံရုံး၏ ဆက်ဆံရေးတာဝန်ခံအား လက်ခံတွေ့ဆုံ
နေပြည်တော်၊ အောက်တိုဘာ ၃၁
နယ်စပ်ရေးရာဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးရဲနိုင်အား ရန်ကုန်မြို့ရှိ အိန္ဒိယသံရုံး၏ ဆက်ဆံရေးတာဝန်ခံဖြစ်သူ Ms. Amrita Banerjee သည် ယနေ့နံနက် (၁၁:၀၀) နာရီတွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ လာရောက်တွေ့ဆုံသည်။