February 2022
ဗန်းမော်မြို့၌ နယ်စပ်ရေးရာဝန်ကြီးဌာနမှ သိမ်မဟာသီလရှင်ပရိယတ္တိစာသင်တိုက်သို့ ဆန် ၊ ဆီနှင့် ကုလားပဲများ ဆက်ကပ်လှူဒါန်း
ဗန်းမော် ဖေဖော်ဝါရီ ၄
နယ်စပ်ရေးရာဝန်ကြီးဌာန ၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဗန်းမော်ခရိုင်ဖွံ့ဖြိုးမှူကြီးကြပ်ရေးရုံးမှ ခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူး ဦးဇော်လင်းနှင့် ဝန်ထမ်းများသည် ဖေဖော်ဝါရီ ၁ ရက်က ကချင်ပြည်နယ် ဗန်းမော်မြို့ သိမ်မဟာသီလရှင်ပရိယတ္တိစာသင်တိုက်ရှိ စာသင်၊ စာချ သီလရှင်ဆရာကြီး ၊ ဆရာလေးများအတွက် ဆွမ်းဆန်တော် ၊ ဆီ ၊ ကုလားပဲအပြင် ဆွမ်းဝေယျာဝစ္စအတွက် အလှူငွေများ ဆက်ကပ်လှူဒါန်းကြသည်။
standard