November 2022
နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း(ပင်လုံ)တွင် အခြေခံမြန်မာ့သိုင်း သင်တန်းဖွင့်
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းတို့ ပူးပေါင်း၍ အခြေခံမြန်မာ့သိုင်း သင်တန်းကို နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း(ပင်လုံ)၌ နိုဝင်ဘာလ ၁၂ ရက်က ဖွင့်လှစ်သည်။
ဟိုပန်မြို့နယ်၌ နယ်စပ်ဒေသဖွံ့ဖြိုးရေး လမ်း တံတားဖောက်လုပ်ခြင်းလုပ်ငန်းများ ၇၀ ရာခိုင်နှုန်းပြီးစီး
ရှမ်းပြည်နယ် (မြောက်ပိုင်း) ဟိုပန်မြို့နယ်တွင် နယ်စပ်ဒေသဖွံ့ဖြိုးရေးလမ်း၊ တံတားဖောက်လုပ်ခြင်းလုပ်ငန်းများ ၇၀ ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရှမ်းပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး (လားရှိုး) မှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်စွာဝင်းထံမှ သိရသည်။
နယ်စပ်ရေးရာဝန်ကြီးဌာနက ဘူးသီးတောင်မြို့ ဂန္ဓာရီဘုန်းတော်ကြီးကျောင်းနှင့် သုဓမ္မာရုံဘုန်းတော်ကြီးကျောင်းတို့တွင် ဆွမ်းဆန်တော်၊ ဆီ၊ ဆားနှင့် ကုလားပဲများကို ဆက်ကပ်လှူဒါန်း
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ဘူးသီးတောင်မြို့နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းအောင်နှင့် ဝန်ထမ်းများသည် နိုဝင်ဘာ ၁၃ ရက် နံနက်ပိုင်းတွင် ဘူးသီးတောင်မြို့ ဂန္ဓာရီဘုန်းတော်ကြီးကျောင်းနှင့် သုဓမ္မာရုံဘုန်းတော်ကြီးကျောင
ဖွံ့ဖြိုးရေးနှင့် သဘာဝဘေးအန္တရာယ်
“ဝိရောဓိ” ဟူသည် “ဆန့်ကျင်ခြင်း၊ ဆန့်ကျင်ဖက်” ဟူ၍ဖြစ်၏။
“ဖွံ့ဖြိုးရေး” ဟူသည် လူတိုင်းလူတိုင်း၏ လိုအင်ဆန္ဒကို
“မဆန့်ကျင်သော” သဘောလည်းရှိ၏။ “ကျေနပ်စရာ” သဘောလည်းရှိ၏။
လူအများအတွက် “နှစ်သက်စေသော” သဘောလည်းရှိ၏။
ကောင်းသောအကျိုးပြုခြင်း အချက်လည်းဖြစ်၏။
ချစ်စရာမွန်မြတ်သည့်လုပ်ငန်းလည်းဖြစ်၏။
ထို့ကြောင့် ဒေသတစ်ခုတွင် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းမှာ
မြင့်မြတ်သည်ဟု ဆိုထိုက်ပေမည်။