
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းတို့ ပူးပေါင်း၍ အခြေခံမြန်မာ့သိုင်း သင်တန်းကို နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း(ပင်လုံ)၌ နိုဝင်ဘာလ ၁၂ ရက်က ဖွင့်လှစ်သည်။
သင်တန်းတွင် ပြည်နယ်ဒေသဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး ဒုတိယညွှန်ကြားရေးမှူး ဦးဟန်ဝင်းအောင် နှင့် နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း(ပင်လုံ) ကျောင်းအုပ်ကြီး ဦးသိန်းထွန်းက အမှာစကားပြောကြားပြီး မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှူး ဒေါ်မိုးမိုးအေး က အားကစားဆိုင်ရာများ အသိပညာပေးဟောပြောသည်။ အဆိုပါသင်တန်းကို အပတ်စဉ် စနေနေ့ နှင့် တနင်္ဂနွေနေ့များတွင် ၁၅ ရက်တာ ဖွင့်လှစ်သင်ကြားမည်ဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ၂၀၅ ဦး တက်ရောက်ကြောင်း သတင်းရရှိသည်။





