နယ်စပ်ရေးရာဝန်ကြီးဌာနက ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဘုန်းတော်ကြီးကျောင်းများအား ဆွမ်းဆန်တော်နှင့် ဆီများ ဆက်ကပ်လှူဒါန်း
နေပြည်တော် မတ် ၂၄
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ဒဂုံမြို့သစ်ခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ အမှတ်(၃)လမ်းမကြီး၊ ပုလဲရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်၊ မင်္ဂလာမဟာစည် သာသနာ့ရိပ်သာကျောင်းတွင် ရဟန်း၊ သံဃာတော်များ၊ သီလရှင်ဆရာကြီးများနှင့် ယောဂီ သူတော်စင်များအတွက် ဆွမ်းဆန်တော်နှင့် ဆီများ ဆက်ကပ်လှူဒါန်းကြသည်။