နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသဖွံ့ဖြိုးရေး(ပြည်ထောင်စု) ရန်ပုံငွေဖြင့် ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု

   နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနသည် အခြေခံအကျဆုံးဖြစ်သည့် လမ်းပန်းဆက်သွယ်ရေးကဏ္ဍ ကောင်းမွန်စေရေးအတွက် နယ်စပ်ရေးရာဝန်ကြီးဌာန၏ အဓိကလုပ်ငန်းတာဝန် ၂ ရပ်ဖြစ်သည့် နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ နယ်စပ်ဒေသလူငယ်များ၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတာဝန်များအား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ဝန်ကြီးဌာန၏ လက်ရှိကျင့်သုံးချမှတ်ထားသည့် “အကြောင်းအမျိုးမျိုးကြောင့် ဖွံ့ဖြိုးမှုနောက်ကျကျန်ခဲ့ရသည့် နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုကို ပြည်နယ်၊ ပြည်မ အကြားအလပ်မရှိစေရေး အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ပေးရန်” ဟူသည့်  မဟာဗျူဟာနှင့် နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ နယ်စပ်ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်ပေးမည့် စီမံကိန်းမြို့နယ် ၁၆၉ မြို့နယ်မှ ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်သည်လည်း အဓိကပါဝင်ကြောင်း သိရှိရသည်။
    ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်အတွင်း ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် နယ်စပ်ဒေသ ဖွံ့ဖြိုးရေး (ပြည်ထောင်စု) ရန်ပုံငွေကျပ် ၃၃၄ ဒသမ ၈၇၆ သန်းဖြင့်  ရာဧပရား- ယိုစပရား - ခရို့ခို ကျေးရွာ ချင်းဆက်လမ်း ၈မိုင် ၃ ဖာလုံ အနက် ကျန် ၃ မိုင် အပြီးသတ် ကျောက်ခင်းခြင်းလုပ်ငန်းမှာ ၂၀၂၂ ခုနှစ် ဇွန်လ ၉ ရက် နေ့တွင် လုပ်ငန်းစတင်ဆောင်ရွက်ခဲ့ရာ သတ်မှတ်ဘဏ္ဍာရေးအတွင်း လုပ်ငန်းတစ်ခုလုံး၏ ၁၀၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးကြောင်း သိရှိရပါသည်။
    အဆိုပါ လုပ်ငန်းဆောင်ရွက်ပေးခြင်းဖြင့် ကျေးရွာ ၅ ရွာ၊ အိမ်ခြေ ၃၃၀ အိမ်နှင့် လူဦးရေ ၁၃၈၄ ဦး၏ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးကဏ္ဍများတွင် အကျိုးပြုမှုရှိပြီး နယ်စပ်ရေးရာဝန်ကြီးဌာန၏ အဓိကဆောင်ရွက်နေသည့် နယ်စပ်ဒေသ ဖွံ့ဖြိုးရေးနှင့်တိုင်းရင်းသားလူမျိုးများ၏ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ဖြစ်လာစေရေးသည် အဓိက ကျသော အခန်းကဏ္ဍတွင်ပါဝင်ပြီး နယ်စပ်ဒေသဖွံ့ဖြိုးမှ တစ်နိုင်ငံလုံးအတိုင်းအတာလည်း ဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်ကြောင်း သိရှိရပါသည်။
 

Post Paragraph