နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသဖွံ့ဖြိုးရေး(ပြည်ထောင်စု) ရန်ပုံငွေဖြင့် ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု

   နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် နယ်စပ်ဒေသများ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေရေးအတွက် စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိရာ ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်အတွင်း ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး (ပြည်ထောင်စု) ရန်ပုံငွေကျပ် ၂၅၀ ဒသမ ၇၁၅ သန်းဖြင့် မထောခူ ကျေးရွာအုပ်စု၊ လွိုင်ကော်-ရှားတောလမ်းမကြီးမှ ဝမ့်ကွန်-လောလာလိ-မထောခူ ၃ မိုင် ၆ ဒသမ ၆၄မိုင် အနက် အဆင့်မြင့်တင်ရန် ကျန်ရှိသည့် ၁ မိုင် ၂ ဖာလုံအား ကတ္တရာလမ်း အပြီးသတ်ခင်းခြင်းနှင့် ၎င်းလမ်းပေါ်တွင် လမ်းရေရှည် ခိုင်ခန့်စေရန်အတွက် Box Culvert  ၅ စင်း ထည့်သွင်း ဆောင်ရွက်ပေးလျက်ရှိရာ သတ်မှတ် ဘဏ္ဍာရေးနှစ်အတွင်း လုပ်ငန်းအားလုံး ၁၀၀% ဆောင်ရွက်ပြီးစီးခဲ့ကြောင်း သိရှိရပါသည်။
    အဆိုပါ လမ်းအသုံးပြုသည့် ပြည်သူလူထုများ ယာဉ်အန္တရာယ်မှ ကာကွယ်နိုင်ရန် လမ်းညွှန်းများ၊ လမ်းအမှတ်အသားများ၊ အချက်ပြများကိုလည်း ထည့်သွင်းဆောင်ရွက်ပေးထားကြောင်း သိရှိရပါသည်။
    ကျေးရွာချင်းဆက်လမ်း ဆောင်ရွက်ပေးခြင်းဖြင့် ကျေးရွာ ၁၀ ရွာ၊ အိမ်ခြေ ၁၉၁၄အိမ်နှင့် လူဦးရေ ၁၀၁၉၃ ဦး အကျိုးပြုမှုရှိပြီး ကျေးလက်နေပြည်သူများ၏ အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်မှုရရှိ၍ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ပါကြောင်း သိရပါသည်။
 

Post Paragraph