ဘိုကလေးမြို့နယ်၌ လူငယ်စကားဝိုင်းကျင်းပ

ဘိုကလေး ဇွန် ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့နယ်၊ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ ယနေ့နံနက် ၉ နာရီတွင် လူငယ်စကားဝိုင်းနှင့် ဟောပြောပွဲကျင်းပသည်။ 
လူငယ်စကားဝိုင်းနှင့် ဟောပြောပွဲသို့ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်း ကျောင်းအုပ်ကြီး နှင့် ဝန်ထမ်းများ၊ သင်တန်းသား၊ သင်တန်းသူများ၊ မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်ဝေဝေမြင့် နှင့် ဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းတစ်ဦးဖြစ်သူ ကလောင်ရှင် “အလင်းနတ်သမီး”  တို့တက်ရောက်ကြသည်။ 
ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်ဝေဝေမြင့်၊ ကလောင်ရှင် “အလင်းနတ်သမီး”တို့နှင့်အတူ သင်တန်းသား၊ သင်တန်းသူ လေးဦး တို့က “လူငယ်နှင့်စာဖတ်ခြင်း၊ လူငယ်နှင့်AIနည်းပညာ၊ လူငယ်နှင့်ယဉ်ကျေးမှု ” စသောခေါင်းစဉ်များဖြင့် စာဖတ်ခြင်း၏အကျိုးကျေးဇူးများ၊ AIနည်းပညာ၏သဘောသဘာဝများ၊ ယဉ်ကျေးမှုထိန်းသိမ်း စောင့်ရှောက်ရေး ဆိုင်ရာများကို ဆွေးနွေးခဲ့ကြောင်းသိရသည်။
 

Post Paragraph