
ရန်ကုန် ဇူလိုင်လ ၂၆
၂၀၂၂ ခုနှစ် ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် ၅၁ ရပ်ကွက်၊ မြဝတီမင်းကြီးလမ်း နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ဗဟိုလေ့ကျင့်ရေးကျောင်းဝင်းအတွင်း၌ နံနက် ၀၇း၀၀ နာရီက ကျင်းပ ပြုလုပ်ခဲ့သည်။
အဆိုပါ သစ်ပင်စိုက်ပျိုးပွဲသို့ ဗဟိုလေ့ကျင့်ရေးကျောင်း ကျောင်းအုပ်ကြီး၊ ဒုတိယကျောင်းအုပ်ကြီး၊ အရာထမ်း/အမှုထမ်း ၈၃ ဦး တို့က ရတနာတန်းဝင် ကျွန်း ၁၀၀ ပင်၊ ပိန္နဲ ၂၀ ပင်၊ ငုဝါ ၃၀ ပင် စသည့် ပျိုးပင်ပေါင်း ၁၅၀ ပင်တို့ကို သတ်မှတ်နေရာများ၌ စိုက်ပျိုးခဲ့ကြပါသည်။ ဗဟိုလေ့ကျင့်ရေးကျောင်း၌ ယခု မိုးရာသီကာလအတွင်း ပျိုးပင်စုစုပေါင်း ၄၅၀ စိုက်ပျိုးပြီးဖြစ်ပါကြောင်း သတင်းရရှိသည်။