ဗဟိုလေ့ကျင့်ရေးကျောင်း၌ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

ရန်ကုန် ဇွန်လ ၁၄ ရက်
    ၂၀၂၂ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ် ၅၁ရပ်ကွက်၊ မြဝတီမင်းကြီးလမ်း နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေး ဦးစီးဌာန ဗဟိုလေ့ကျင့်ရေးကျောင်းဝင်းအတွင်း၌ နံနက် ၀၇း၀၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။ 
    အဆိုပါသစ်ပင်စိုက်ပျိုးပွဲသို့ ဗဟိုလေ့ကျင့်ရေးကျောင်း ကျောင်းအုပ်ကြီး ၊ ဒုတိယကျောင်းအုပ်ကြီး ၊ အရာထမ်း / အမှုထမ်း ၈၃ ဦး ၊ ငြိမ်းချမ်းရေး ၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်ဆိုင်ရာ ခေါင်းဆောင်မှု သင်တန်းအမှတ်စဉ် (၄)၊ စီမံခန့်ခွဲရေးသင်တန်းအမှတ်စဉ် (၇၆)၊ အဆင့်မြင့် စက်ချုပ်နည်းပြသင်တန်းအမှတ်စဉ် (၄၀)၊ စာရေးဝန်ထမ်းသင်တန်းအမှတ်စဉ် (၁၁၀)တို့မှ သင်တန်းသား/ သူ ၁၀၃ ဦး  စုစုပေါင်း ၁၈၆ ဦးတို့က နှစ်ရှည်သီးနှံပင်များဖြစ်သော ရတနာတန်းဝင် ကျွန်း ၂၀ ပင်၊ ပိန္နဲ ၆၀ ပင်၊ မာလကာ ၂၀ ပင်၊ မယ်ဇလီ ၃၅ ပင်၊ ကင်ပွန်းချဉ် ၃၅ ပင်၊ ပေါက်ပန်းဖြူ ၃၀ ပင်၊ ဒန့်သလွန် ၂၀ ပင်၊ သံပရာ ၄၀ ပင်၊ သင်္ဘော ၄၀ ပင် စသည့် ပျိုးပင်ပေါင်း ၃၀၀ ပင်တို့ကို သတ်မှတ်နေရာများတွင် စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သတင်းရရှိသည်။
 

Post Paragraph