ဘန်လော - ဘန်သဲ - ကျောက်မီးကျောင်း - မြန်မာအင်းတော် ကျေးရွာချင်းဆက် မြေသားလမ်း ဖောက်လုပ်ပြီးစီး

စက်တင်ဘာလ      ရက်

          တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ ဘန်လော-ဘန်သဲ-ကျောက်မီးကျောင်း-မြန်မာအင်းတော် ကျေးရွာချင်းဆက်မြေသားလမ်း ၂ မိုင်အား နယ်စပ်ရေးရာဝန်ကြီးဌာန၏ ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေကျပ် ၈၅ ဒဿမ ၀၇၈ သန်းဖြင့် အကောင်အထည်ဖော် ဖောက်လုပ်ခဲ့ရာ လုပ်ငန်းရာနှုန်းပြည့်ပြီးစီးပြီ ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ သိရှိရသည်။

          အဆိုပါကျေးရွာချင်းဆက်လမ်းမှာ ၁၀ မိုင် ၁ ဖာလုံ ရှည်လျားပြီး ဒေသခံပြည်သူလူထု၏ တောင်းဆိုချက်အရ နယ်စပ်ရေးရာဝန်ကြီးဌာနက ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာနှစ်မှ စတင်၍ မြေသားလမ်း ဖောက်လုပ်ပေးခဲ့ရာ ယခုအခါ ၇ မိုင် ၆ ဖာလုံ ပြီးစီးပြီဖြစ်၍ ကျန်ရှိသည့် လမ်းပိုင်းအား ဘဏ္ဍာနှစ်အလိုက် ဆက်လက် ဖောက်လုပ်နိုင်ရေး လျာထား ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။