ဘုန်းတော်ကြီးကျောင်းများနှင့် ကိုဗစ်-၁၉ စင်တာများသို့ ထောက်ပံ့လှူဒါန်း

ဖေဖော်ဝါရီ ၁၂ ရက်
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အနေဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ လင်းခေးမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများမှ ရဟန်း၊ သာမဏေများအတွက် ဆက်ကပ်လှူဒါန်းလျက်ရှိသည့်အပြင် လင်းခေးမြို့နယ် ပြည်သူ့ဆေးရုံကြီး၌ ကျန်းမာရေးဆိုင်ရာ အထောက်အကူပြု ပစ္စည်းများနှင့် အင်အားဖြည့်အစားအစာများကိုလည်း ထောက်ပံ့လှူဒါန်းသည်။
    ထိုသို့ထောက်ပံ့လှူဒါန်းလျက်ရှိရာ ဖေဖော်ဝါရီ ၁၀ ရက်တွင် လင်းခေးခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဖြူပြာခနှင့် တာဝန်ရှိသူတို့က ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးမြို့နယ်ရှိ မကျိုင်းမွန်း ပရိယတ္တိစာသင်တိုက်ရှိ ရဟန်း ၊ သာမဏေများအတွက် ဆွမ်းဆန်တော် ၊ ဆီ ၊ ဆား ၊ ကြက်သွန် နှင့် ပဲအမယ်ငါးမျိုးကို သွားရောက်လှူဒါန်းခြင်းနှင့် လင်းခေးမြို့နယ်ပြည်သူ့ဆေးရုံကြီးတွင်လည်း ကိုဗစ်-၁၉ ‌ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများ အင်အားဖြည့်အစားအစာများနှင့် အလှူငွေများကို ထောက်ပံ့လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံရယူကြောင်း သတင်းရရှိပါသည်။
 

Post Paragraph