ဗန်းမော်မြို့တွင်အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၏အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းအမှတ်စဉ်( ၃ ) သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

ဗန်းမော်၊ အောက်တိုဘာ ၂၅ ရက်
    ကချင်ပြည်နယ် ၊ ဗန်းမော်ခရိုင် ၊ ဗန်းမော်မြို့နယ်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန ၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၏ အဆင့်မြင့် အိမ်တွင်းမှု စက်ချုပ်သင်တန်းအမှတ်စဉ်(၃)သင်တန်းဖွင့်ပွဲ အခမ်းအနားကို အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းခန်းမ၌ အောက်တိုဘာ  ၂၅ ရက် နံနက် ၉ နာရီ ခန့်က ကျင်းပ ခဲ့ကြောင်းသိရသည်။
   အခမ်းအနားတွင်ဗန်းမော်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌခရိုင်အုပ်ချုပ်ရေးမှူး ဦးခင်မောင်လွင် က နိုင်ငံတော်အစိုးရရဲ့လမ်းညွှန်မှုနှင့်အညီ ပြည်ထောင်စုကြီးတစ်ခုလုံး ဟန်ချက်ညီညီ ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ နယ်စပ်ရေးရာဝန်ကြီးဌာန၏ အိမ်တွင်းမှုသင်တန်းကျောင်းများ ဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များကိုလည်းကောင်း သင်တန်းသို့ တက်ရောက်လာကြသည့် သင်တန်းသူများအနေဖြင့် သင်တန်းကသင်ကြားပေးတဲ့ အတတ်ပညာ များကို ကြိုးစားသင်ယူရင်း သင်တန်းစည်းကမ်း၊ ကျောင်းစည်းကမ်းများကို လေးစားလိုက်နာကြရန်နှင့် အသက်မွေးဝမ်းကြောင်းပညာရပ်တွေကို တတ်မြောက်အောင်သင်ယူကြရန် လိုအပ်ကြောင်း တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကိုရှေးရှုပြီး ပြည်ထောင်စုစိတ်ဓာတ်ပြည့်ဝစွာနှင့် သင်တန်းကာလအတွင်း သင်တန်းသူ အချင်းချင်း ချစ်ကြည်ရင်းနှီးစွာနေထိုင်သွားကြရန်လိုအပ်ပါကြောင်း အဖွင့်အမှာ စကားပြောကြားခဲ့ပြီး အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း ကျောင်းအုပ် ဒေါ်သိမ့်သိမ့်စိုးက သင်တန်းတွင် ပို့ချမည့်ဘာသာရပ်များကို ရှင်းလင်းပြောကြားသည်။
    ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် အဖွဲ့ဝင် များ၊ခရိုင်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကနှင့်အဖွဲ့ဝင်များ၊ မြို့နယ် အဆင့်ဌာနဆိုင်ရာအကြီးအကဲများက သင်တန်းသူများအားရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်အားပေး စကားများပြောကြားခဲ့ပြီးအမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းက ခင်းကျင်း ပြသထားသည့် ယခင်သင်တန်းသူများ၏ လက်ရာများကို လိုက်လံကြည့်ရှု အားပေးခဲ့ကြ သည်။
    အဆိုပါသင်တန်းကို သင်တန်းသူ(၃၅)ဦးတက်ရောက်ပြီး ၂၅.၁၀.၂၀၂၂ ရက်မှ ၂၄.၃.၂၀၂၂ ရက်ထိ  ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

Post Paragraph