ဆီဆိုင်မြို့နယ်၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်

ဆီဆိုင် ဇွန် ၁၂

နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ်၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ မြို့နယ်အတွင်းရှိ ကျားတောင်-ကောင်ပန်တန်လမ်း (ခြောက်မိုင်)၏ ၁/၂ မိုင်အား ကတ္တရာ ခင်းခြင်း၊ ကျန် ၄ မိုင် ၆ ဖာလုံအနက်မှ တစ်မိုင်အား ကတ္တရာထပ်ပိုးလွှာ ခင်းခြင်း၊ လပ်တိုင်-ပင်အွန်လမ်း (၇ မိုင်)၏ ၂ မိုင်အား ကျောက်ခင်းခြင်း၊ ကျန် ၅ မိုင်အနက်မှ နှစ်မိုင်အား ကတ္တရာ ထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးခဲ့ပြီဖြစ်သည့်အတွက် ဆီဆိုင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးခွန်လှသိန်း၊ ဆီဆိုင်မြို့နယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးသိန်းဇော်၊ ဟိုပုံးမြို့နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစောသန်း ချစ်နှင့်အဖွဲ့တို့က ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ငွေကြယ်