ဆရာတော်၊ သံဃာတော်၊ သီလရှင်တို့အား ဆွမ်းဆန်တော်၊ ဆီ၊ ပဲ ဆက်ကပ်လှူဒါန်း

နယ်စပ်ရေးရာဝန်ကြီးဌာနက တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် သီတင်းသုံး နေထိုင်တော်မူကြသော ဆရာတော်၊ သံဃာတော်များ၊ ရှင်သာမဏေများနှင့် သီလရှင်များ ဆွမ်းကိစ္စ ခက်ခဲပင်ပန်းမှုမရှိစေရေးအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ပဲနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ် လှူဒါန်းပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ကရင်ပြည်နယ်ဖွံ့ဖြိုးမှု ကြီးကြပ်‌ရေးရုံးမှ တာဝန်ရှိသူများသည် ဘားအံမြို့ပေါ်ရှိ လှဂုဏ်ရည် သီလရှင်ကျောင်းသို့ ဆွမ်းဆန်တော်၊ ဆီ နှင့် ပဲ တို့အား သွားရောက်ဆက်ကပ်လှူဒါန်ခဲ့ကြကြောင်း သိရသည်။

Post Paragraph