ဆရာတော်၊ သံဃာတော်များအား ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲတို့ ဆက်ကပ်လှူဒါန်း

ဘားအံ စက်တင်ဘာ ၁၀
    နယ်စပ်‌ရေးရာဝန်ကြီးဌာနက တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် သီတင်းသုံး နေထိုင်တော်မူကြသော ဆရာတော်၊ သံဃာတော်များ၊ ရှင်သာမဏေများနှင့် သီလရှင်များ ဆွမ်းကိစ္စခက်ခဲ ပင်ပန်းမှုမရှိစေရေးအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ် လှူဒါန်းပေးလျက်ရှိရာ စက်တင်ဘာ ၉ ရက်၊ နံနက် ၉ နာရီခန့်က နယ်စပ်ရေးရာဝန်ကြီးဌာန၊ လှိုင်းဘွဲ မြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှလက်ထောက်ညွှန်ကြားရေးမှူး ဦးစောသန်းချစ်နှင့် ဝန်ထမ်းများသည် လှိုင်းဘွဲမြို့နယ်၊ ကမော့ကချူးကျေးရွာ၊ ရေမင်းသာယာဘုန်းတော်ကြီးကျောင်းအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆားနှင့် ကုလားပဲတို့ကို သွားရောက်ဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သိရသည်။
 

Post Paragraph