လေရှီး မေ ၁၉
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့နယ်တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်ထောင်စုဘတ်ဂျက် နယ်စပ်ဒေသ ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် စာရာမေရိအားမာန်ကုမ္ပဏီမှ တာဝန်ယူ ဆောင်ရွက်လျက်ရှိသည့် လေရှီး-ဂျီလာနှင့် သာယာရွာမြေသားလမ်း (၂/ ၀)မိုင် ဖောက်လုပ်ခြင်းလုပ်ငန်းကို ခွင့်ပြု ရန်ပုံငွေကျပ် (၁၀၀.၉၈၉)သန်း၊ လေရှီး-ဂျီလာနှင့် သာယာရွာမြေသားလမ်းတွင် (၅×၅×၂၆)ပေရှိ Box Culvert (၄)စင်းအတွက် ခွင့်ပြုရန်ပုံငွေကျပ် (၂၇.၇၆၉)သန်းနှင့် လေရှီး-ဂျီလာ-သာယာလမ်း (၁၀/၀) မိုင်၊ ဘေလီ(၁)လွှာတစ်ထပ် ပေ ၃၀ တံတား(၁)စင်း တည်ဆောက်ခြင်းလုပ်ငန်းအတွက် ခွင့်ပြုရန်ပုံငွေကျပ် (၇၈.၇၂၁)သန်းဖြင့် လုပ်ငန်းများ ဆောင်ရွက်ပြီးစီးခဲ့ကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းဆောင်ရွက်ပြီးစီးမှုကို လေရှီးမြို့နယ် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်မောင်လင်းနှင့် မြို့နယ်လုပ်ငန်းအရည်အသွေး စစ်ဆေးရေးအဖွဲ့တို့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
စနေမောင်မောင်(ခန္တီး)