မယ်စဲ့ မေ ၁၃
နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန နယ်စပ်ဒေသဖွံ့ဖြိုးရေး (ပြည်ထောင်စု) ရန်ပုံငွေဖြင့် မယ်စဲ့မြို့နယ်၌ ကျေးရွာချင်းဆက်လမ်း၊ တံတားများဆောင်ရွက်လျက်ရှိရာ ယခုအခါ အဆိုပါလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးလှိုင်ဝင်းထံမှ သိရသည်။
မယ်စဲ့မြို့နယ် ဟိုဂျစ်-ဟိုဖ-လယ်တောကျေးရွာချင်းဆက် လမ်းပေါ်ရှိ ပေ ၄၀ ဘေလီတစ်လွှာ တစ်ထပ်တံတား နှစ်စင်းနှင့် ၁၀ ပေ ကွန်ကရစ်တံတားနှစ်စင်း တည်ဆောက်ခြင်းလုပ်ငန်းများကို နယ်စပ်ဒေသဖွံ့ဖြိုးရေး (ပြည်ထောင်စု) ရန်ပုံငွေကျပ် ၂၉၇ ဒသမ ၉၅၃ သန်းဖြင့် IAURA ကုမ္ပဏီက တာဝန်ယူဆောင်ရွက်လျက်ရှိရာ လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများကို မေ ၁၁ ရက်က မြို့နယ်တည်ဆောက်ရေးနှင့် အရည်အသွေးစစ်ဆေးရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမျိုးထွန်းနှင့် ကော်မတီဝင်များက ကွင်းဆင်းစစ်ဆေးပြီး စစ်ဆေးတွေ့ရှိမှုအပေါ် လုပ်ငန်းလိုအပ်ချက်များကို ပြုပြင်ဆောင်ရွက်သွားရန် မှာကြားကြောင်းသိရသည်။