
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသည့် နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ဖေဖော်ဝါရီ ၁၀ ရက်တွင် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးကြောင်း သိရသည်။ ထိုသို့စစ်ဆေးရာတွင် ရှမ်းပြည်နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးခွဲ(လားရှိုး)မှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်စွာဝင်းနှင့် အဖွဲ့သည် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေကျပ် ၁၃၂ ဒသမ ၄၅၀ သန်းဖြင့် ဆောင်ရွက်လျက်ရှိသော မန်တုံမြို့နယ် နမ့်ဟိုင်း-ဟောင်းကန်-ဆိုက်ခေါင်လမ်း ၂၁ မိုင်အနက် ၂/၄ မိုင် မြေသားလမ်းဖောက်လုပ်ခြင်းနှင့် ၎င်းလမ်းပေါ်တွင် Box Culvert ငါးစင်း တည်ဆောက်ခြင်းလုပ်ငန်းတို့ကို ကွင်းဆင်းကြည့်ရှုကြကြောင်း သိရသည်။

