ဒေသဖွံ့ဖြိုး‌ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကွင်းဆင်းစစ်ဆေး

   နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဖေဖော်ဝါရီ ၁၁ ရက်တွင် တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးကြောင်း သိရသည်။
    ထိုသို့စစ်ဆေးရာတွင် ရှမ်းပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်‌ရေးရုံးခွဲ(လားရှိုူး)မှ ဒုတိယ ညွှန်ကြားရေးမှူး ဦးကျော်စွာဝင်းနှင့်အဖွဲ့က ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် နယ်စပ်‌ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေကျပ်သန်း ၁၀၄ ဒသမ ၆၄၀ သန်းဖြင့် လားရှိုးမြို့နယ် မန်ကောင်း(မိုင်းယန်း)မှ ဟိုခို(ဂျာယန်) ထိ ကျောက်လမ်း ၁၂ မိုင်ပေါ်တွင် ကျန် ၁ မိုင် အပြီးသတ် ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းအား ကွင်းဆင်းကြည့်ရှု့စစ်ဆေးပြီး လုပ်ငန်းများ သတ်မှတ်ကာလအတွင်း အချိန်မီ ပြီးစီးအောင် ဆောင်ရွက်သွားကြရန် မှာကြားကာ လုပ်ငန်းလိုအပ်ချက်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကြောင်း သိရသည်။
 

Post Paragraph