ဒီဂရီကောလိပ်(ရန်ကုန်)တွင် ဘော်လီဘော(အမျိုးသား၊ အမျိုးသမီး) ပြိုင်ပွဲကျင်းပ

ရန်ကုန်၊ အောက်တိုဘာလ ၁၁ ရက်
        နယ်စပ်ရေးရာဝန်ကြီးဌာန ၊ပညာရေးနှင့်လေ့ကျင့်ရေးဉီးစီးဌာန၊ ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်၊ ရန်ကုန်တွင် ကျောင်းပိတ်ရက်ကာလ လေ့ကျင့်ချိန်အတွင်း ၁၁-၁၀-၂၀၂၂ ရက်နေ့မှ ၁၇-၁၀-၂၀၂၂ ရက်နေ့အထိ ကျင်းပမည့် အိပ်ဆောင် အလိုက် ဘော်လီဘော(အမျိုးသား၊ အမျိုးသမီး)ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ၁၁-၁၀-၂၀၂၂ ရက်နေ့ နေ့လယ်ပိုင်းတွင် အဆိုပါကျောင်းဝင်းအတွင်းရှိ ဘော်လီဘော အားကစားကွင်း၌ ကျင်းပရာ ကျောင်းအုပ်ကြီးက အဖွင့်အမှာစကား ပြောကြားသည်။
        ဖွင့်ပွဲအခမ်းအနားအပြီးတွင် ဧရာဝတီဆောင်အသင်းနှင့် စစ်တောင်းဆောင်အသင်းတို့ ယှဉ်ပြိုင်ကစားပြီး ပွဲစဉ်များကို ၁၇-၁၀-၂၀၂၂ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။