ဒုတိယ၀န်ကြီး ဗိုလ်ချုပ်သန်းထွဋ် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိဝန်ကြီးဗိုလ်ချုပ်သန်းထွဋ်သည် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ဇေယျ နှင့် တာ၀န်ရှိသူများလိုက်ပါလျက် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား (၆-၁-၂၀၂၀) ရက်နေ့ မှ (၉-၁-၂၀၂၀)ရက်နေ့အထိ ကွင်းဆင်းကြည့််ရှုစစ်ဆေးခဲ့သည်။
    ဒုတိယ၀န်ကြီးနှင့်အဖွဲ့သည် (၆-၁-၂၀၂၀) ရက်နေ့မှ (၈-၁-၂၀၂၀) ရက်နေ့များတွင် ကော့သောင်းမြို့နယ်အတွင်း ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဆောင်ရွက်ပြီးစီးခဲ့သည့် အောင်သာယာကျေးရွာ အဝင်လမ်းပေါ်ရှိ ပေ (၅၀) တံတား နှင့် အောင်သာယာ-လုံးတော-နမ္မနွယ်လမ်းပေါ်ရှိ ပေ (၃၀) တံတား (၂) စင်း၊ ဘုတ်ပြင်းမြို့နယ်၊ ဟန်ကပြု-ရွာဟေ့လူလမ်းပေါ်၌ ၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် ကျောက်လမ်း (၆/၄)မိုင်၊ Box Culvert (၂၀) စင်းတည်ဆောက်နေမှု၊ အဆိုပါလမ်းပေါ်ရှိ ဘေလီတံတား (၃၀) ပေတံတား (၂) စင်း နှင့် (၂၀) ပေ (၁) စင်း၊ မိုးရွာသွန်းမှုကြောင့် ပျက်စီး သွားခဲ့သည့် မြေလမ်း (၁၅/၀) မိုင် ပြုပြင်ခြင်း၊ မြေဖြတ်ခြင်း (၀/၁) မိုင် ဆောင်ရွက်နေမှုများနှင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပြီးစီးခဲ့သည့် ကွန်ကရစ်တံတား (၁၀၀)ပေ၊ (၆၅)ပေနှင့် မြေထိန်းနံရံတည်ဆောက်မှု လုပ်ငန်းခွင်များသို့ ရောက်ရှိစစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြား ခဲ့ကာ ပြည်ကြီးမဏ္ဍိုင်မြို့၊ လေညာအနောက်ရပ်ကွက်၊ တန်ဖိုးနည်းအိမ်ရာ (၂၀)လုံး ဆောက်လုပ်ပြီးစီးမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့သည်။
    ထို့ပြင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် (၉-၁-၂၀၂၀) ရက်နေ့တွင် တနင်္သာရီမြို့နယ်အတွင်း ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်ပြီးစီးခဲ့သည့် ဘန်လော-ဘန်တဲ-ကျောက်မီး ကျောင်းလမ်းပေါ်ရှိ ကျေးရွာချင်းဆက်မြေသားလမ်း (၅/၀)မိုင်နှင့် Box Culvert (၉)စင်းတည် ဆောက်ပြီးစီးမှု အခြေအနေအားလည်းကောင်း၊ အဆိုပါလမ်းပေါ်၌ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် ကွန်ကရစ်တံတား(၄၅)ပေ၊ စတိန်သောင်-မမသောင် ကျေးရွာချင်းဆက် ကျောက်ခင်းလမ်း  (၁/၂) မိုင် ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေး ခဲ့ပြီးယခုဆောင်ရွက်နေသော လုပ်ငန်းများသည် ဒေသခံပြည်သူများအတွက် အကျိုးပြုမည့် လုပ်ငန်း များဖြစ်သဖြင့် တာဝန်ခံကုမ္ပဏီများအနေဖြင့် အချိန်မီပြီးစီးအောင် စေတနာထား ဆောင်ရွက် သွားကြရန်နှင့် ဒေသခံ ပြည်သူများမှလည်း လမ်းရေရှည်တည်တံ့ကောင်းမွန်စေရန်အတွက် ဝိုင်းဝန်းပူးပေါင်း ထိန်းသိမ်းသွားကြရန် မှာကြားခဲ့ပြီး တင်ပြချက်များအပေါ် ညှိနှိုင်းပေါင်းစပ် ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

 

Post Paragraph