နေပြည်တော်၊ ဖေဖော်ဝါရီလ ၂၃ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ခွန်သန့်ဇော်ထူးသည် ဖေဖော်ဝါရီ ၁၈ ရက် နံနက်ပိုင်းတွင် ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံဖြိုးရေးသင်တန်းကျောင်းသိုလည်းကောင်း မွန်းလွဲပိုင်းတွင် ဘိုကလေးမြို့ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံဖြိုးရေးသင်တန်းကျောင်းသို လည်းကောင်း ရောက်ရှိ၍ ဝန်ထမ်းများ ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံအမှာစကား ပြောကြားပြီး ထောက်ပံ့ငွေများ ပေးအပ်သည်။
ထို့နောက် ကျောင်းသား ကျောင်းသူ အိပ်ဆောင်များ စားရိပ်သာ၊ စာကြည့်တိုက်၊ ရိက္ခာနှင့် အိပ်ရာပစ္စည်းစတိုများ၊ ကျောင်းစိုက်ခင်းများ၊ ကျောင်းသား ကျောင်းသူ အိပ်ဆောင်များအား ချက်ပြုတ် ကျွေးမွေးနေမှုအခြေအနေများနှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်ပြီးစီးခဲ့ သည့် လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။
ညနေပိုင်းတွင် ပုသိမ်မြို့ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းသို့ ရောက်ရှိပြီး ဧရာဝတီတိုင်းဒေသကြီး ဦးစီးမှူးရုံးနှင့် အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းတို့မှ ဝန်ထမ်းများ၊ သင်တန်းသူများနှင့် တွေ့ဆုံအမှာစကားပြောကြားကာ ထောက်ပံ့ငွေများ ပေးအပ်သည်။
ထို့နောက် သင်တန်းသူများ ချုပ်လုပ်ထားသည့် လက်ရာများ၊ သင်တန်းခန်းမ၊ သင်တန်းသူ အိပ်ဆောင်၊ စားရိပ်သာ၊ စာကြည့်တိုက်၊ သင်တန်းဆင်း သင်တန်းသူများဖြင့် အပ်ချုပ်ဆိုင်ဖွင့်လှစ် ဆောင်ရွက်နေမှုနှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်ပြီးစီးခဲ့သည့် လုပ်ငန်းများကို စစ်ဆေးပြီး သင်တန်းနည်းပြဆရာမများ အဆင့်မြင့်မွမ်းမံသင်တန်းများ တက်ရောက်စေရေး ညှိနှိုင်းမှာကြားသည်။
ဖေဖော်ဝါရီ ၁၉ ရက် နံနက်ပိုင်းတွင် ဂွမြို့သို့ ရောက်ရှိပြီး နယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဆောင်ရွက်ပြီးစီးခဲ့သည့် သမိုင်းဝင်မင်းတောင် စေတီတော်မြတ်ကြီးတည်ရှိရာ မင်းတောင်တက်လမ်း ကွန်ကရစ်လမ်းအား ကြည့်ရှုစစ်ဆေးပြီး ညနေပိုင်းတွင် သံတွဲမြို့ ရွှေလှော်ကျေးရွာအုပ်စု ဒေါ်ပွေးခုံ-တောင်သာ ကျေးရွာချင်းဆက် ကျောက်ချောလမ်း ၁/၀ မိုင် ခင်းခြင်းလုပ်ငန်းနှင့် ယင်းလမ်းပေါ်တွင် ပေ ၃၀ ကွန်ကရစ်တံတားတစ်စင်းနှင့် Box Culvert နှစ်စင်း ဆောင်ရွက်နေမှုများကို စစ်ဆေးသည်။
ဖေဖော်ဝါရီ ၂၀ ရက်တွင် တောင်ကုတ်မြို့သို့ ရောက်ရှိပြီး မဟော်သဓာကျောင်း၌ ကျင်းပသည့် တိပိဋကဓရဓမ္မဘဏ္ဍာဂါရိက သုတဗုဒ္ဓဆရာတော် ရှစ်ပါးအား ဂုဏဝိသိပူဇာမင်္ဂလာအခမ်းအနားနှင့် ၁၁ - တိပိဋကဓမ္မဘဏ္ဍာဂါရိကကျောင်းဆောင်တော် ရေစက်ချလှူဒါန်းပွဲကို ရခိုင်ပြည်နယ်ဝန်ကြီးချုပ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးတို့အတူ တက်ရောက်သည်။
ထို့နောက် တောင်ကုတ်မြို့ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း ဆောက်လုပ်မည့် မြေနေရာသို့ရောက်ရှိ၍ အဆောက်အဦ ဆောက်လုပ်နိုင်မည့်အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လျာထားအကွက်ချပုံစံရေးဆွဲရေး မှာကြားသည်။ ထို့နောက် သံတွဲမြို့ အမျိုးသမီး အိမ်တွင်းမှုကျောင်း ဖွင့်လှစ်ရန် လျာထားမြေနေရာကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် သံတွဲမြို့ ရွှေဆံတော်စေတီမြတ်ကြီးရှိ နယ်စပ်ရေးရာဝန်ကြီးဌာန လှူဒါန်းငွေဖြင့် ဆောင်ရွက်ပြီးစီးခဲ့သည့် မဏိကေသဓမ္မာရုံအသစ် အောက်ထပ်အဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို ကြည့်ရှုပြီး ဓမ္မာရုံအောက်ထပ်မျက်နှာကြက် တပ်ဆင်ခြင်းလုပ်ငန်းအတွက် နယ်စပ်ရေးရာဝန်ကြီးဌာန လှူဒါန်းငွေကျပ် ၃၆ သိန်းကို ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
© Copyright Ministry of Border Affairs 2019, All rights reserved.