ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ် ပြည်ထောင်စုတိုင်းရင်းသား လူငယ်များစွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်) ၂၀၁၇-၂၀၁၈ ပညာသင်နှစ် ဝိဇ္ဇာဘွဲ့၊ သိပ္ပံဘွဲ့ နှင့် A.G.T.I ဒီပလိုမာ (ပထမနှစ်) သင်တန်းသား/ သင်တန်းသူ ရွေးချယ်ပွဲသို့ တက်ရောက်

နေပြည်တော်၊ နိုဝင်ဘာလ ၆ ရက်

        နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ပြည်ထောင်စု တိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်) ၏ ၂၀၁၇-၂၀၁၈ ပညာသင်နှစ် ဝိဇ္ဇာဘွဲ့၊ သိပ္ပံဘွဲ့ နှင့် A.G.T.I ဒီပလိုမာ (ပထမနှစ်) သင်တန်းသား/သင်တန်းသူ ရွေးချယ်ပွဲအား ယနေ့နံနက် (၉) နာရီအချိန်တွင် အဆိုပါ ဒီဂရီကောလိပ် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်၊ ပညာရေးနှင့်လေ့ကျင့်ရေး ဦးစီးဌာန၊  ညွှန်ကြားရေးမှူးချုပ် ဦးသိန်းဌေးဦး နှင့် ပြည်ထောင်စုတိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်)ကျောင်းအုပ်ကြီးတို့မှ သင်တန်းသားကျား (၂၂၄) ဦး၊ မ (၅၉) ဦးစုစုပေါင်း (၂၈၃) ဦး တို့အား လူတွေ့စစ်ဆေးခဲ့ပါသည်။

          ဆက်လက်၍ ဒုတိယဝန်ကြီးသည် ပြည်ထောင်စုတိုင်းရင်းသား လူငယ်များ စွမ်းရည် ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်) အတွင်းရှိ သင်တန်းသား အိပ်ဆောင်များ၊ စားရိပ်သာများ၊ စာသင်ဆောင်များအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။