ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်(စစ်ကိုင်း)သည် စစ်ကိုင်းမြို့ မှ ၂၂ မိုင်ကွာဝေးသည့် မန္တလေး-စစ်ကိုင်း-မုံရွာ ကားလမ်းပေါ်ရှိ နတ်ခရိုင်ကျေးရွာ၏ တောင်ဘက် ၄ မိုင်ခန့် ကွာဝေးသော ရွာသစ်ကြီးမြေပုံညွှန်း၊ အက်ဖ်-၂၅၂၆၁၉တွင် တည်ရှိပါသည်။ ကွင်းအမှတ် (၈၅၀/၈၅၁)ဦးပိုင် အမှတ်၊ ၉၆/၄၂/၁၃၈နှင့် မြေအကျယ် အဝန်းမှာ ၃၉၃.၉၀ ဧက ကျယ်ဝန်းပါသည်။