ကျောက်မဲခရိုင်၌ နယ်စပ်‌ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်တွင် နယ်စပ်ဒေသဖွံ့ဖြိုး‌ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ရှမ်းပြည်နယ်(မြောက်ပိုင်း) ဖွံ့ဖြိုးမှုကြီးကြပ်‌ရေးရုံးမှ တာဝန်ရှိသူများက စက်တင်ဘာ ၁၆ ရက်တွင် ကွင်းဆင်းစစ်ဆေးကြောင်း အဆိုပါဌာနမှ သိရသည်။ 
    ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) ဖွံ့ဖြိုးမှုကြီးကြပ်‌ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်စွာဝင်းနှင့် တာဝန်ရှိသူများက ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် နယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ကျောက်မဲခရိုင် နောင်ချိုမြို့နယ် ဟိုခို-ကျောက်ကြီးကျေးရွာအုပ်စုချင်းဆက် မြေသားလမ်းတွင် ကျောက်လမ်းခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို စစ်ဆေးကြပြီး လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းပြည့်မီစွာ အချိန်မီ ပြီးစီးအောင် ဆောင်ရွက်ကြရန်တာဝန်ရှိသူများကို မှာကြားသည်။
    ကျောက်မဲခရိုင် နောင်ချိုမြို့နယ် ဟိုခို-ကျောက်ကြီး ကျေးရွာအုပ်စုချင်းဆက် မြေသားလမ်း သည် အရှည် ၈ မိုင်ရှိပြီး လက်ရှိဘဏ္ဍာနှစ်တွင် နယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေကျပ် ၁၆၂ ဒသမ ၂၆၇ သန်းဖြင့် အရှည် ၁ မိုင်ကို ကျောက်လမ်းခင်းခြင်း၊ အဆိုပါလမ်းပေါ်တွင် Box Culvert လေးစင်းတည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ လက်ရှိတွင် ၈၀ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း၊ ရာနှုန်းပြည့်ပြီးစီးပါက ကျေးရွာ ၁၃ ရွာမှ လူဦိးရေ ၄၆၅၇ ဦးအတွက် အကျိုးပြုစေမည်ဖြစ်ကြောင်း ရှမ်းပြည်နယ်(မြောက်ပိုင်း) နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

Post Paragraph