
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီး ဌာနက ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများသို့ ဆွမ်းအခက်အခဲ မရှိစေရန်အတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကြက်သွန်နှင့် ဆပ်ပြာမှုန့်များ ဆက်ကပ်လှူဒါန်းလျက်ရှိသည်။
ထိုသို့လှူဒါန်းလျက်ရှိရာ စက်တင်ဘာ ၈ ရက်က ကျောက်မဲခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်မင်းသိန်းနှင့် ဝန်ထမ်းများက ကျောက်မဲမြို့နယ်၊ အောင်မြေ သာယာသီလရှင် စာသင်တိုက် ကျောင်းထိုင်ဆရာကြီး ဒေါ်မေဓာရီထံသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကြက်သွန်နှင့် ဆပ်ပြာမှုန့် များ ဆက်ကပ်လှူဒါန်းခဲ့ကြောင်းသိရသည်။
Post Paragraph
Paragraph Images

