ကျောက်တော်မြို့နယ်၌ ကျေးရွာချင်းဆက်ကျောက်ချောလမ်းခင်း

 စစ်တွေ၊ ဇန်နဝါရီ၁၉
  နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ နယ်စပ်ဒေသဖွံ့ဖြိုးရေးပြည်ထောင်စုရန်ပုံငွေဖြင့် ကျောက်တော်မြို့နယ်သရက်တပင် - ဂုပ္ပီထောင့်လမ်း ၁၃ မိုင်အနက် ကျောက်ချောလမ်း ၂ မိုင် ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးခဲ့သည်။
    အဆိုပါကျောက်ချောလမ်းခင်းခြင်းလုပ်ငန်းကို ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ် ၃၅၄ ဒသမ ၁၉၇ သန်းဖြင့် အကျယ် ၁၂ ပေ၊ ဒု ၁၂ လက်မ လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုအား မြောက်ဦးခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးသန်းဌေးနှင့် တာဝန်ရှိသူများသည် ယမန်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
 

Post Paragraph