ထားဝယ် ဇွန် ၂၁
၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် နယ်စပ် ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာန နယ်စပ်ဒေသ ဖွံ့ဖြိုးရေး (ပြည်ထောင်စု)ရန်ပုံငွေဖြင့် ကမ်းရိုးတန်းကျားကုမ္ပဏီက တာဝန် ယူဆောင်ရွက်လျက်ရှိသော တနင်္သာရီ တိုင်းဒေသကြီး ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ် ဟန်ကပြုကျေးရွာ အုပ်စု ဟန်ကပြု-ရွာဟေ့လူ ကျေးရွာ ချင်းဆက် မြေသားလမ်း (၂၄/၀) မိုင် အနက် ကျောက်လမ်း (၁/၄) မိုင် ဖောက်လုပ်ပြီးစီးပြီး ကျန်ရှိ (၃၂/၄) မိုင်မှ (၂/၀) မိုင် ကျောက်ခင်းခြင်း လုပ်ငန်းနှင့် ၎င်းလမ်းပေါ်ရှိ (၅x၅x၂၆) ပေ Box Culvert အစင်း ၂၀ တည် ဆောက်ခြင်းလုပ်ငန်း၊ ရွှေလက်မြဲ ကုမ္ပဏီက တာဝန်ယူဆောင်ရွက် သည့် ဟန်ကပြု-ရွာဟေ့လူ ကျေးရွာ ချင်းဆက် မြေသားလမ်း (၃၄/၀) မိုင် အနက် ဖောက်လုပ်ပြီး (၈/၀) မိုင် ပေါ်တွင် တစ်လွှာ တစ်ထပ် ပေ ၂၀ ဘေလီတံတား နှစ်စင်းနှင့် တစ်လွှာ တစ်ထပ် ပေ ၃၀ ဘေလီတံတား သုံးစင်း တည်ဆောက်ခြင်းလုပ်ငန်း၊ ဧရာအားမာန်ကုမ္ပဏီက တာဝန်ယူ ဆောင်ရွက်လျက်ရှိသည့် ဟန်ကပြု- ရွာဟေ့လူ ကျေးရွာချင်းဆက် မြေသား လမ်း (၃၄/၀) မိုင်အနက် (၈/၀) မိုင် ပြုပြင်ဖောက်လုပ်ပြီးစီးပြီး ကျန်ရှိ (၂၆/၀) မိုင်မှ (၁၅/၀) မိုင် လမ်းပြုပြင် ဖောက်လုပ်ခြင်းလုပ်ငန်းနှင့် မြေသား လမ်းအား ကျောက်တောင်ရှင်းလင်း ခြင်း၊ လမ်းချဲ့ခြင်း၊ ဘေးမြေနံရံ အဆင့် လိုက်မြေဖြတ်ခြင်းလုပ်ငန်း (၀/၁)မိုင် ဆောင်ရွက်ခြင်း၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန အင်ဂျင်နီယာ ဌာနမှ တာဝန်ယူဆောင်ရွက်သော ဟန်ကပြု-ရွာဟေ့လူ ကျေးရွာချင်း ဆက် မြေသားလမ်း(၃၄/၀)မိုင်အနက် ကျောက်လမ်း(၁/၄) မိုင် ဖောက်လုပ် ပြီးစီးပြီး ကျန်ရှိ(၃၂/၄)မိုင်မှ (၂/၄)မိုင် ကျောက်ခင်းခြင်းလုပ်ငန်းနှင့် ၎င်း လမ်းပေါ်ရှိ (၅x၅x၂၆) ပေ Box Cul-vert အစင်း ၂၀ လုပ်ငန်းများ ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ဆောင်ရွက်နေမှုအခြေ အနေများကို ဇွန် ၁၉ ရက်တွင် နယ်စပ် ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်း ဒေသကြီးကြီးကြပ်ရေးမှူး ညွှန်ကြား ရေးမှူး ဦးရန်လင်းအောင်က ကွင်း ဆင်းကြည့်ရှုပြီး တာဝန်ခံအင်ဂျင်နီ ယာများအား သတ်မှတ်ကာလ အတွင်း သတ်မှတ်စံချိန်စံညွှန်းနှင့် အညီ အချိန်မီပြီးစီးအောင် ဆောင်ရွက် သွားရန် မှာကြားသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)