ကျေးရွာအုပ်စုချင်းဆက်လမ်းဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်လျက်ရှိ

   ရှမ်းပြည်နယ် (တောင်ပိုင်း) ကျေးသီးမြို့နယ်အတွင်း ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ခွင့်ပြုရန်ပုံငွေကျပ် ၁၉၉ ဒသမ ၆၁၅ သန်းဖြင့် ကျေးရွာချင်းဆက်လမ်းအား အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

   ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ မိုင်းရှူးခရိုင် ကျေးသီးမြို့နယ်အတွင်းရှိ ဝမ်ဖွီးကျေးရွာ အုပ်စုနှင့် ပန်စယ်ကျေးရွာအုပ်စုချင်းဆက် ဝမ်ဖွီး-ဖာလော့-ပန်စယ်လမ်း ၅/၄ မိုင်အနက် ၂/၄ မိုင် ကျောက်ခင်းပြီး၍ ကျန် ၃ မိုင်မှ ၁/၄ မိုင် ကျောက်ခင်းခြင်းလုပ်ငန်းအား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ၇၅ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်၍ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ လုပ်ငန်း ရာနှုန်းပြည့်ပြီးစီးရေးအတွက် မိုင်းကိုင်မြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးနိုင်ဝင်းနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးကြသည်။
    နယ်စပ်ရေးရာဝန်ကြီးဌာအနေဖြင့် ယခုကဲ့သို့ အကောင်အထည်ဖော်ဆောင်ရွက်ပေးခြင်းကြောင့် လမ်းလုပ်ငန်းရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပါက ကျေးရွာအုပ်စု နှစ်အုပ်စုရှိ ကျေးရွာသုံးရွာမှ လူဦးရေ ၄၁၈၀ ဦးတို့အတွက် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာမည်ဖြစ်ကြာင်း သိရသည်။
 

Post Paragraph