ကျေးသီးမြို့နယ်အတွင်း ကျေးရွာအုပ်စုချင်းဆက်လမ်းဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

     နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ‌ဒေသဖွံ့ဖြိုး‌ရေးလုပ်ငန်းများကို တစ်နိုင်ငံလုံး အကြားအလပ်မရှိ တောင်တန်းမြေပြန့် မခွဲခြားဘဲ စဉ်ဆက်မပြတ် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ ရှမ်းပြည်နယ် (တောင်ပိုင်း) မိုင်းရှူးခရိုင် ကျေးသီးမြို့နယ်အတွင်း ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ခွင့်ပြုရန်ပုံငွေကျပ် ၁၉၉ ဒသမ ၆၁၅ သန်းဖြင့် ကျေးရွာအုပ်စုချင်းဆက်လမ်း အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိသည်။
    ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ မိုင်းရှူးခရိုင် ကျေးသီးမြို့နယ်အတွင်းရှိ ဝမ်ဖွီးကျေးရွာအုပ်စုနှင့် ပန်စယ်ကျေးရွာအုပ်စုချင်းဆက် ဝမ်ဖွီး-ဖာလော့-ပန်စယ်လမ်း ၅/၄ မိုင်အနက် ၂/၄ မိုင် ကျောက်ခင်းခြင်းပြီးစီး၍ ကျန် ၃/၀ မိုင်မှ ၁/၄ မိုင် ကျောက်ခင်းခြင်းလုပ်ငန်းအား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ၇၅ ရာခိုင်နှုန်းပြီးစီးပြီဖြစ်ပြီး သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ လုပ်ငန်း ရာနှုန်းပြည့်ပြီးစီးရေးအတွက် မိုင်းကိုင်မြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးနိုင်ဝင်းနှင့် တာဝန်ရှိသူများကကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ရာ လုပ်ငန်းနှင့်ပတ်သတ်၍ လိုအပ်သည်  များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
    နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် ယခုကဲ့သို့ အကောင်အထည်ဖော်ဆောင်ရွက်ပေးခြင်းကြောင့် လမ်းလုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးမည်ဖြစ်၍ မိုင်းရှူးခရိုင် ကျေးသီးမြို့နယ် အတွင်း ဝမ်ဖွီးနှင့် ပန်စယ်ကျေးရွာအုပ်စုနှစ်ခုရှိ ကျေးရွာသုံးရွာမှ လူဦးရေ ၄၁၈၀ ဦးတို့အတွက် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာပြီး ပညာရေး၊ ကျန်းမာရေးနှင့် လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအထောက်အကူပြုမည်ဖြစ်ကြောင်း သိရသည်။
 

Post Paragraph