ကျိုက်မရောမြို့နယ် အံကစင်- မွန်စု- လွှစင်ကုန်း-ကော့ခလိန် ကျေးရွာချင်းဆက် ကတ္တရာလမ်း ရာနှုန်းပြည့်ပြီးစီး

ကျိုက်မရော၊ ဖေဖော်ဝါရီ ၂၄
   နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်ခွင့်ပြုရန်ပုံငွေကျပ် ၄၉၆ ဒသမ ၀၀၂ သန်းဖြင့် ဆောင်ရွက်ခဲ့သော မွန်ပြည်နယ်ကျိုက်မရောမြို့နယ် အံကစင်-မွန်စု- လွှစင်ကုန်း-ကော့ခလိန်ကျေးရွာချင်း ဆက်လမ်း ၇ မိုင် ၄ ဖာလုံအနက် ၅ မိုင် ၃ ဖာလုံ ကတ္တရာခင်းပြီးဖြစ်၍   ကျန်ရှိသော ၂ မိုင် ၁   ဖာလုံ  အပြီးသတ် ကတ္တရာခင်းခြင်းလုပ်ငန်းမှာ ရာနှုန်းပြည့်ပြီးစီးခဲ့ပြီးဖြစ်ရာ ယနေ့နံနက်ပိုင်းတွင် ကျိုက်မရောမြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်မေစီနှင့်အဖွဲ့က  ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
   နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် မွန်ပြည်နယ်အတွင်း လမ်းတံတားလုပ်ငန်း၊ သောက်သုံးရေ နှင့် စိုက်ပျိုးရေ ရရှိရေးလုပ်ငန်း၊ တန်ဖိုးနည်းအိမ်ရာတည်ဆောက်ရေးလုပ်ငန်းစသည်ဖြင့် ဖွံ့ဖြိုးရေးလုပ်ငန်း ၂၈ ခုကို ခွင့်ပြုရန်ပုံငွေ ကျပ် ၂၄၈၃.၂၆၄ သန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
 

Post Paragraph