ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီး

ကုန်းကြမ်း ဧပြီ ၁၉
    ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကုန်းကြမ်းမြို့နယ် မန်ဆာ-ကျွင်ညဲမြေလမ်း ၈/၀ မိုင်အား အမာခံဗြုန်းကျောက်ခင်းခြင်းလုပ်ငန်းအဖြစ် နယ်စပ်ရေးရာ ဝန်ကြီးဌာန နယ်စပ်‌ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် ၂၀၂၁ ခုနှစ် အောက်တိုဘာလမှ ၂၀၂၂ ခုနှစ် မတ်လအထိ ခြောက်လတာကာလအတွင်း ဗြုန်းကျောက်အမာခံခင်းခြင်း ၃/၀ မိုင်နှင့် ၎င်းလမ်းပေါ်တွင် ၅ ပေ ၅ ပေ ၂၆ ပေ Box Culvert ရှစ်စင်းအား ခွင့်ပြုရန်ပုံငွေကျပ် ၁၂၇ ဒသမ ၀၈၆ သန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါတွင် လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးခဲ့ပြီဖြစ်ကြောင်း သိရသည်။
    အဆိုပါ လုပ်ငန်းအား အပြီးသတ်ဆောင်ရွက်ပေးနိုင်ခဲ့သဖြင့် နယ်စပ်ဒေသ တောင်ပေါ် ကျေးရွာနေ တိုင်းရင်းသားပြည်သူများအနေဖြင့် ကုန်းကြမ်းနှင့် လောက်ကိုင်မြို့များ သို့ ရာသီမရွေး သွားလာနိုင်တော့မည်ဖြစ်ကြောင်း နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။
 

Post Paragraph